တိုင်းဒေသကြီးဝန်ကြီးချုပ် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ ပေါက်တိန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနား၊ ပုသိမ်-ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းပိုင်း လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်
တိုင်းဒေသကြီးဝန်ကြီးချုပ် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့နယ်၊ ပေါက်တိန်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနား၊ ပုသိမ်-ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းပိုင်း လမ်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / March 26, 2025
ပုသိမ် မတ် ၂၅
နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ပေါက်တိန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျေးလက်ကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ မြောင်းမြမြို့နယ်၊ ကျုံသွတ်ကျေးရွာ အုပ်စု၊ ပေါက်တိန်းကျေးရွာရှိ အဆိုပါကုန်ထုတ်လမ်းနှင့် ကွန်ကရစ်တံတားသည် မြေသားလမ်း ချဲ့ခြင်း (ဝ/၄.၈၄၈)မိုင်၊ ၅'x၂’၊ ဂဝံလမ်းခင်းခြင်း (၀/၄.၈၄၈)မိုင် ×၁၅’၉” နှင့် ကွန်ကရစ် တံတား (၆၀'x၁၄'x၁၃.၅’) ပါဝင်ပြီး အိမ်ခြေ(၈၃)အိမ်၊ အိမ်ထောင်စု(၈၃)စု၊ လူဦးရေ (၃၃၀) ဦး၊ တောင်သူများ၏လယ်ဧက(၅၂၀)ဧက အတွက်အကျိုးပြု မည်ဖြစ်ကာ ကျေးရွာမှထွက်ကုန်သီးနှံများ လွယ်လင့်တကူ အချိန်တိုတွင်း ဈေးကွက်သို့အရောက် ပို့ဆောင်ပေးနိုင်မည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပုသိမ် -ရှောပြာ-ချောင်းသာလမ်း ပုသိမ်မြို့တွင်းပိုင်း လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ “ ပုသိမ်- ရှောပြာ- ချောင်းသာလမ်း ပုသိမ်မြို့တွင်းလမ်းပိုင်းသည် ယခင်က ၂၄ ပေသာအကျယ်ရှိသည့်အတွက် ယာဉ်သွားလမ်းအကျယ် ၂၄ပေ၊ ဆိုင်ကယ်လမ်းတစ်ဖက် (၅) ပေစီနှင့် ၃၄ပေချဲ့ပေးခဲ့ပြီး ဘေးတစ်ဖက်တစ်ချက်စီတွင် မြက်ခင်း၊ ပန်းအလှပင်များ၊ အရိပ်ရပင်များစိုက်ပျိုးထားရှိသည့် Greenzone အပါအဝင် (၅)ပေအကျယ် လူသွားလမ်း ပလက်ဖောင်းကို တည်ဆောက်ဆောင်ရွက် ခဲ့ပါကြောင်း၊ ပုသိမ်မြို့သန့်ရှင်းသာယာလှပစေရေးကို အထောက်အကူပြုမည့်အပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ စနစ်တကျဖြစ်စေမည်လည်း ဖြစ်ပါကြောင်း၊ ရန်ကုန်- ပုသိမ်လမ်းနှင့် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်းနှင့် လမ်းများရေရှည်တည်တံ့စေရေး အတွက် ဝိုင်းဝန်းထိမ်းသိန်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လမ်းလုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လမ်းဖွင့်ပွဲအထိမ်းအမှတ်အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုး၏ စိုက်ဧကတွင်ပြုလုပ်သည့် ဆီထွက်သီးနှံဆောင်းနေကြာစံကွက် ရိတ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ကာ တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယခုဆီထွက်သီးနှံ ဆောင်းနေကြာစံကွက် ရိတ်သိမ်းသည့်မြေသည်လယ်မြေ ဖြစ်ပြီး ပထမနှစ်တွင်တာဝန်ရှိသူများ၏ ဂရုတစိုက်ကြိုးစားဆောင်ရွက်မှုကြောင့် နေကြာသီးနှံအားအောင်မြင်အောင်စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင်လည်းတောင်သူများကို အသိပညာပေး၍ အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ခဲ့ ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် တစ်နှစ်ထက်တစ်နှစ် အထွက်နှုန်းများတိုးတက်လာသော် လည်း ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် လိုအပ်နေသေးပါကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိ ရေးအတွက် အားလုံးကပူးပေါင်းပါဝင်ဆွေးနွေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အတွင်း ဆီဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ်အစရှိသည်တို့ကို စိုက်ပျိုးလျက်ရှိပါကြောင်း၊ ဆီဖူလုံရေးအတွက် နှစ်အလိုက်ရည်မှန်းချက်များပေးထားပါကြောင်းနှင့် ပေးထားသည့် ရည်မှန်းချက်များကို အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရေးအတွက် ဝိုင်းဝန်းဆွေးနွေး၍ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း”အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက နေကြာစိုက်ပျိုးဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆောင်းနေကြာ စံကွက် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ သာပေါင်းမြို့၊ သဲဖြူကျေးရွာအုပ်စု၊ သန်လျက်စွန်းကျေးရွာရှိ တောင်သူဦးမြင့်စိုးပိုင် လယ်မြေ (၂၀)ဧက ပေါ်တွင် စိုက်ပျိုးထားသော Supersun (41)မျိုး ဆောင်းနေကြာစံပြစိုက်ကွင်းတွင် (၀.၁၀)ဧကစံကွက် ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် အစိုပျမ်းမျှ (၆၃)တင်းထွက်ရှိခဲ့ပြီး အဆိုပါအခမ်းအနားတွင် နေကြာသီးနှံစိုက်ပျိုး ခြင်းနှင့်ပတ်သက်၍ တက်ရောက်လာကြသူများမှ ဆွေးနွေးပွဲဆက်လက် ပြုလုပ်ရာ တိုင်းမြေစာရင်း ဦးစီးမှူး၊ တိုင်းစိုက်ပျိုးရေးဦးစီးမှူး၊ ဆီထွက်သီးနှံဇုန်(၁)တာဝန်ခံ၊ ဆီထွက်ဇုန်(၂) တာဝန်ခံတို့က ဆွေးနွေးပြောကြားခြင်း၊ တောင်သူတို့က နေကြာသီးနှံစိုက်ပျိုးခဲ့မှု အတွေ့အကြုံ ပြောကြားခြင်း၊ နေကြာသီးနှံအတွက် မျိုး၊မြေ၊ရေ၊နည်း ဆောင်ရွက်နိုင်မှုများ၊ ပျားပုံးထားရှိမှု အကျိုးကျေးဇူးများနှင့် အင်းဆက်ပိုးမွှားကြောင့်အထွက်နှုန်းကျမှု၊ မြေနုကျွန်းတွင်ဖြစ်ထွန်းခြင်း၊ ကုန်ကျမှုနှင့်အမြတ်အစွန်း ကွာဟမှုရှိခြင်းနှင့် နေကြာအောင်မြင်စွာစိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့ကြကြောင်းသိရသည်။
သတင်းစာများ - ၃၁၄၅ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download