ထိုက်တန်စွာပေးအပ်ရမည့် အဖိုးတန်မဲတစ်ပြား
ထိုက်တန်စွာပေးအပ်ရမည့် အဖိုးတန်မဲတစ်ပြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 12, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့်ရက်မှာ တစ်ရက်ထက်တစ်ရက် ပိုမိုနီးကပ်လာပြီဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို ရက်သတ္တပတ် နှစ်ပတ်စီခြား၍ ကျင်းပသွားမည်ဖြစ်ရာ လာမည့်နှစ်ဇန်နဝါရီလမကုန်မီ သုံးပိုင်းလုံးပြီးစီးနေမည်ဖြစ်သည်။ “ဤသည်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်နှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်ရာ ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုအားမှာ လွန်စွာအရေးကြီးသည်။
ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပြည်သူများ ထင်ယောင်ထင်မှားဖြစ်အောင် ပြောဆိုမှုများ၊ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများ၊ မိမိတို့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုဆန်ဆန် နိုင်ငံအချို့က ပြောကြားနေမှုများ စသည်တို့ကို တစ်ခုပြီးတစ်ခုတွေ့နေရသည်။ ရွေးကောက်ပွဲအပေါ် ကွဲပြားခြားနားသည့် နိုင်ငံတကာတုံ့ပြန်မှုများ ရှိနေစေကာမူမြန်မာ့မိတ်ဖက်နိုင်ငံများ၏ ထောက်ခံမှုများမှာ အခိုင်အမာရရှိထားပြီးဖြစ်သည်။ ရွေးကောက်ပွဲလုပ်ငန်းစဉ်များသည် မိမိတို့နိုင်ငံအဖို့ မဖြစ်မနေအောင်မြင်အောင် ကျင်းပသွားရမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ မည်သို့သော အဖျက်အမှောင့်များ ရှိနေစေကာမူ ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီစနစ်ကို စနစ်တကျပြန်လည်တည်ဆောက်ခဲ့ပြီးဖြစ်ရာ ရွေးကောက်ပွဲကျင်းပခြင်းဖြင့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို အစပြုကြရမည်ဖြစ်သည်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် နိုင်ငံသားတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သကဲ့သို့ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို ရယူဆောင်ရွက်ခြင်းလည်း ဖြစ်သည်။ မဲပေးခြင်း၊ မဲမပေးဘဲနေခြင်းသည် နိုင်ငံသားတို့၏ သီးခြားလွတ်လပ်ခွင့်ဖြစ်စေကာမူ မဲမပေးဘဲ ရှောင်လွှဲနေခြင်းက ပြည်သူတစ်ဦးအနေဖြင့် မိမိတာဝန်ကို မိမိမကျေပွန်ရာ ကျရောက်မည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် မဲပေးခြင်းသည် ဒီမိုကရေစီစနစ်အရ မိမိကိုယ်စားဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်ကို ပြည်သူလူထုက ရွေးကောက်တင်မြှောက်ပေးခြင်းဖြစ်သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၅၇ ပါတီ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၉၅ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံမည့် နိုင်ငံရေးပါတီများက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ဟောပြောတင်ပြလျက်ရှိသကဲ့သို့ မဲဆန္ဒနယ်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများက ၎င်းတို့ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြသည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ အရည်အသွေး၊ အရည်အချင်းကို သေချာစွာ လေ့လာအကဲခတ်ပြီး ပြည်သူ့ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးဆောင်နိုင်မည့် ကိုယ်စားလှယ်များကို မှန်မှန်ကန်ကန် ရွေးကောက်ပေးနိုင်ရန် လိုအပ်သည်။
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်မှုသည် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် အရေးကြီးသည့်အားလျော်စွာ ပြည်သူလူထုတစ်ရပ်လုံးနိုးကြားတက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်း၊ မိမိတို့ပိုင်ဆိုင်သည့် အဖိုးတန်မဲတစ်ပြားကို မိမိကိုယ်စားဆောင်ရွက်မည့် ကိုယ်စားလှယ်လောင်းသို့ ထိုက်တန်စွာ ပေးအပ်ခြင်းဖြင့် နိုင်ငံသားတာဝန် ကျေပွန်ကြရေးနှိုးဆော်တိုက်တွန်းအပ်ပါကြောင်း။ ။
သတင်းစာများ - ၃၃၄၇ ခု
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 06, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 05, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ November 04, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
