ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပဲခူးမြို့အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပဲခူးမြို့အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
ပညာရေးဝန်ကြီးဌာန/ Yangon / June 16, 2025
ရန်ကုန် ၂၀၂၅ မေ ၁၆
ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ကျင်းပသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပဲခူးတက္ကသိုလ်သို့ ရောက်ရှိပြီး ဘာသာရပ်ဌာနများ၊ သုတေသနခန်းများ၊ ဓာတ်ခွဲခန်းသုံးစက်ပစ္စည်း လက်တွေ့ ဆောင်ရွက်နေမှုများ၊ ဇွန်လတွင် ဖွင့်လှစ်မည့် ကျောင်းဖွင့်ချိန်မတိုင်မီ စာသင်ခန်းများ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) များသို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ထောက်ပံ့ပေးအပ်မည့် ဘောပင်၊ ခဲတံ၊ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများ၊ သင်ထောက်ကူပစ္စည်းများနှင့် စာသင်ခန်းများ အဆင်သင့်ဖြစ်စေရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပဲခူးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်များသို့ရောက်ရှိပြီး ပညာရေးနှင့်သင်ပြနည်းပညာ ဒီပလိုမာသင်တန်း (Dip.EP) သင်ယူနေကြ သည့် သင်တန်းသား သင်တန်းသူများကို လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားသည်။
ယင်းနောက် လှည်းကူးပညာရေး ဒီဂရီကောလိပ် အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၊ ပါမောက္ခများနှင့်တွေ့ဆုံ၍ သင်ကြားသင်ယူမှု နည်းစနစ်များနှင့် စာသင်ကြားရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများကို မေးမြန်းကာ အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစာများ - ၃၂၂၈ ခု

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 17, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၁၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၁၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၁၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၄ ရက်၊ ဇူလိုင် ၁၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၃ ရက်၊ ဇူလိုင် ၁၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၂ ရက်၊ ဇူလိုင် ၁၁ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 11, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက်၊ ဇူလိုင် ၁၀ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ July 09, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download