ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း ရှမ်းပြည်နယ်အတွင်း ရေဘေးသင့်ဒေသများရှိ ဆေးရုံများနှင့် ကျန်းမာရေးဌာနများသို့ သွားရောက်ကြည့်ရှု


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 04, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၃

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်းသည် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသသို့သွားရောက်ပြီး သဘာဝဘေးအန္တရာယ်ခံစားခဲ့ရသော ဟဲယာရွာမတိုက်နယ်ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြားခြင်း၊ ထောက်ပံ့ငွေများပေးအပ်ခြင်း၊ ဆေးရုံနှင့်ကျန်းမာရေးဌာနများ၏ ရေနစ်မြုပ်မှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုခြင်းတို့ကို ဆောင်ရွက်ကာ ဟဲယာရွာမဓမ္မဗိမ္မာန်တော်ကြီး၌ ဖွင့်လှစ်ထားသော ယာယီဆေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နန်းပန်တိုက်နယ် ဆေးရုံနှင့်ကျေးလက်ကျန်းမာရေးဌာနတို့တွင် ရေများဝင်ရောက် ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြင်ပလူနာဌာန (ယာယီ) ဖွင့်လှစ်ထားရှိသော နောင်ကန်ကျောင်းတိုက်သို့ရောက်ရှိကာ ရေဘေးသင့်ကျန်းမာ ရေးဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်၍ လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ညောင်ရွှေမြို့ ရွှေရေကျဘုန်းတော်ကြီးကျောင်း၌ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၊ တောင်ကြီးမြို့တို့မှ သမားတော်၊ စိတ်ကျန်းမာ၊ ကလေး၊ သားဖွားမီးယပ်အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့မှ အထူးကုကွင်းဆင်းကုသနေမှုများကို ကြည့်ရှု အားပေးသည်။

ထို့နောက် ပြည်သူ့ဆေးရုံ (ညောင်ရွှေမြို့) သို့ရောက်ရှိပြီး ဆေးရုံအတွင်း လက်ရှိရေဝင်ရောက် ဆဲအခြေအနေ၊ ရေလွတ်ရာအဆောင်၌ အတွင်းလူနာများ ထားရှိကုသပေးနေမှု၊ ခွဲစိတ်ခန်း လုပ်ဆောင်နေမှု၊ ဆေးပစ္စည်းများ ရွှေ့ပြောင်းထားရှိမှု အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး ပြီး ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများကို ထောက်ပံ့ငွေများပေးအပ်သည်။

ညနေပိုင်းတွင် ရွှေညောင်တိုက်နယ်ဆေးရုံသို့သွားရောက်ပြီး တိုက်နယ်ဆရာဝန်နှင့် ဆေးရုံဝန်ထမ်းများ၏ ဆေးရုံလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုကာ ဆေးရုံ တက်ရောက်ကုသမှုခံယူနေသော လူနာများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၂၀၂ ခု

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 21, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download