ဒုတိယဝန်ကြီး ဦးဝင်းဖေ မိတ္ထီလာ-မန္တလေးလမ်းတစ်လျှောက် သစ်ပင်များစိုက်ပျိုးနေမှုနှင့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီး ဦးဝင်းဖေ မိတ္ထီလာ-မန္တလေးလမ်းတစ်လျှောက် သစ်ပင်များစိုက်ပျိုးနေမှုနှင့် တိုးလ်ဂိတ်များ ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 08, 2024
နေပြည်တော် စက်တင်ဘာ ၇
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဝန်ထမ်းရေးရာကိစ္စများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ အင်ဂျင်နီယာချုပ် ဦးကျော်မျိုးထွဋ်က လမ်းဘေးဝဲ/ယာသစ်ပင်များ စိုက်ပျိုးရာတွင် သတ်မှတ်ပုံစံအတိုင်း စိုက်ပျိုးရန်နှင့် ဆေးလိုင်းရေးဆွဲခြင်းနှင့် ပတ်သက်၍ လိုက်နာရမည့်သတ်မှတ်ချက်များကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက ဝန်ထမ်းများ၏ တင်ပြချက်များနှင့်လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် B.O.T ကုမ္ပဏီများဖြစ်ကြသည့် သော်တာဝင်းကုမ္ပဏီ၊ ယုဇနကုမ္ပဏီ၊ Oriental Highway ကုမ္ပဏီတို့နှင့်တွေ့ဆုံ၍ လမ်းဘေးဝဲ/ယာ စိုက်ပျိုးထားသည့် သစ်ပင်များအကြား ကွက်လပ်ဖြစ်နေသည့်နေရာများ၌ မိုးတွင်းကာလတွင် ပျိုးပင်ကြီးများအပြီး အစားထိုးပြန်လည်စိုက်ပျိုးသွားရန်၊ မိုးရာသီကုန်ဆုံးပါက လမ်းပေါက်များ အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန်၊ လမ်းပခုံးပျက်သောနေရာများတွင် မြေနီကျောက်စရစ်ခင်း၍ ဆောင်ရွက်ရန်၊ B.O.T လမ်းများကို နှစ်အလိုက်စီမံချက်ပါအတိုင်း ဆက်လက်ဆောင်ရွက်သွားရန်နှင့် လမ်းပေါ်၌ ဆေးလိုင်းများရေးဆွဲရာတွင် ညွှန်ကြားချက်ပါအတိုင်း အလေးထားလိုက်နာဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် မိတ္ထီလာမြို့တွင်းလမ်း မိုင်တိုင်အမှတ်(၁၃/၆ နှင့် ၁၃/၇)ကြား လမ်းအမှတ်အသား ဆေးလိုင်းရေးဆွဲခြင်းကိုလည်းကောင်း၊ မြစ်သားနှင့် ကျောက်ဆည်အကြား မိုင်တိုင်အမှတ် (၃၆၃/၃ နှင့် ၃၆၃/၄) အကြားတွင် ပေ ၉၀ မြေသားတာပေါင် လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျောက်ဆည်မြို့ရှောင်လမ်းတွင် လမ်းဘေးဝဲ/ယာသစ်ပင်စိုက်ပျိုးနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ကျောက်ဆည်မြို့ရှောင်လမ်း သော်တာဝင်းကုမ္ပဏီလမ်းလုပ်ငန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် သော်တာဝင်းကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် ဘယ်လင်း-ရွှေစာရံ-အုန်းချောလမ်းအသုံးပြုခကောက်ခံမည့် တိုးလ်ဂိတ်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၂၉၄၂ ခု
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 05, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 04, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 03, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 02, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 01, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 29, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 28, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 27, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 26, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32 pages
ဘာသာစကား: မြန်မာ
Download