နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ သွားရောက်လေ့လာ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ထူးချွန်ကျောင်းသား ကျောင်းသူများ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ သွားရောက်လေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 14, 2024

နေပြည်တော် ဩဂုတ် ၁၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ထူးချွန် ကျောင်းသား ကျောင်းသူများကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေး၊ ပြည်တွင်း ပြည်ပ အတွေ့အကြုံကောင်းများ ရရှိစေရေးတို့အတွက် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၀ ကို နိုင်ငံတော် အစီအစဉ်ဖြင့် ဩဂုတ် ၉ ရက်မှ ၁၃ ရက်အထိ ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့သည်။
အဆိုပါ ထူးချွန်ကျောင်းသား ကျောင်းသူများအဖွဲ့သည် ထိုင်းနိုင်ငံတွင် သြဂုတ် ၉ ရက်မှ ၁၀ ရက်အထိ လည်ပတ်လေ့လာခဲ့ကြပြီး သြဂုတ် ၁၁ ရက်တွင် စင်ကာပူနိုင်ငံသို့ရောက်ရှိ၍ မြန်မာသံရုံးနှင့် Merlion Park တို့သို့ လည်ပတ်လေ့လာကြသည်။ သြဂုတ် ၁၂ ရက်တွင် Botanic Garden သို့ သွားရောက်ကြကာ အဆိုပါ Botanic Garden အတွင်း၌ ပျော်ရွှင်စွာ လှည့်လည်ကြည့်ရှုလေ့လာပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ခဲ့ကြသည်။
ထို့ပြင် Clementine Road ရှိ Singapore Institute of Management (SIM)သို့ ရောက်ရှိကြရာ Singapore Institute of Management မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုကြကာ ထူးချွန် ကျောင်းသား ကျောင်းသူများကို အဆိုပါကျောင်းရှိ SIM Heritage Gallery ၌ Ms Celia Her က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြား၍ တက္ကသိုလ်တာဝန်ရှိသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ထူးချွန်ကျောင်းသား ကျောင်းသူများကို Theatre ၌ တွေ့ဆုံကာ တက္ကသိုလ်၏ Vice Provost Dr Timothy Chan က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံရုံးယာယီတာဝန်ခံ ဦးဇော်ဇော်စိုးက ကျေးဇူးတင်စကားပြောကြားကာ Ms Celia Her က SIM University တက္ကသိုလ်အကြောင်း မိတ်ဆက်ပြောကြား၍ Dr Liam Kim Yang က တက္ကသိုလ်တွင် သင်ယူနိုင်သော သင်တန်းများအကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံမှ ပညာသင်ကျောင်းသားတစ်ဦးက ၎င်း၏ပညာသင်အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီး ထူးချွန်ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး အဆိုပါကျောင်းတွင် ပညာ သင်ယူနေသော Student Ambassadors မြန်မာကျောင်းသား ကျောင်းသူတို့က ဦးဆောင်၍ တက္ကသိုလ် စာကြည့်တိုက်၊ အားကစားရုံ၊ Student’s Wellness Centre ၊ Canteen စသည်တို့ကို အဖွဲ့သုံးဖွဲ့ခွဲ၍ Campus Tour အဖြစ် လှည့်လည်ရှင်းလင်း ပြသကြသည်။
မွန်းလွဲပိုင်းတွင် လေ့လာရေး ထူးချွန်ကျောင်းသား ကျောင်းသူများသည် Garden by the Bay သို့ရောက်ရှိပြီး Flower Dome နှင့် S.E.A Aquarium တို့ကို လေ့လာကြသည်။
ထို့နောက် Sentosa ကျွန်းသို့သွားရောက်ပြီး အဆိုပါ Sentosa ကမ်းခြေရှိ Tourist Attractions နေရာများကိုလည်ပတ်ကြကာ ရေသားဖန်သားပြင်ဖြင့်ပြသသော ‘Wings of the Time’ ကို အပန်းဖြေကြည့်ရှုကြသည်။
အဆိုပါ ထူးချွန်ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူများသည် ယနေ့နံနက် ၉ နာရီခွဲတွင် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်သို့ရောက်ရှိပြီး Jewel Shopping Centre ၌ လှည့်လည်ကြည့်ရှု လေ့လာဈေးဝယ်ကြသည်။
ယင်းနောက် အဆိုပါအဖွဲ့သည် မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စင်ကာပူနိုင်ငံမှ ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြပြီး တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားမိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လာရောက်ကြိုဆိုကြကာ ထူးချွန်ကျောင်းသား ကျောင်းသူများသည် အုပ်ချုပ်သူများ၊ သက်ဆိုင်ရာမိဘများနှင့်အတူ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဇူလိုင် ၂၂ ရက်တွင် မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အဆိုပါကျောင်းသား ကျောင်းသူများအနက် တက္ကသိုလ်ဝင်စာမေးပွဲ ဘာသာတွဲအလိုက် ရမှတ်အများဆုံးရရှိသူ ကျောင်းသား ကျောင်းသူ ၃၀ ကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်ရန် စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၇၃ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၂၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၂၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။
