နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်း ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 08, 2024
image_latest


ရန်ကုန် နိုဝင်ဘာ ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လေဆိပ်များနှင့် ကော့သောင်းဆိပ်ကမ်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်လေဆိပ်၊ မြိတ်လေဆိပ်၊ ဘုတ်ပြင်းလေဆိပ်နှင့် ကော့သောင်းလေဆိပ်များသို့ရောက်ရှိပြီး လေဆိပ်အလိုက် လေယာဉ်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေမှု၊ လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် မြိတ်လေဆိပ်၊ ကော့သောင်းလေဆိပ်များတွင် ကုန်စည်လေယာဉ်ခရီးစဉ်များ ဆင်းသက်နိုင်ရန် လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ရပ်နားနေရာများ တိုးချဲ့တည်ဆောက်နိုင်မည့်အခြေအနေများကို လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက မကြာမီခရီးသွားလာမှုများပြားသည့် ပွင့်လင်းရာသီသို့ရောက်ရှိတော့မည်ဖြစ်၍ လေကြောင်းဖြင့် ခရီးသွားလာမှုများ တိုးတက်များပြား လာမည်ဖြစ်သည့်အတွက် လေဆိပ်အလိုက် လေယာဉ်များအန္တရာယ်ကင်းရှင်းမှုရှိစေရေး လေယာဉ်ပြေးလမ်းများနှင့် လေယာဉ်ဆင်းသက်မှုအထောက်အကူပြု ပြေးလမ်းမီးများ၊ လေကြောင်းလမ်းညွှန်ကိရိယာများ၊ ပြေးလမ်းအမှတ်အသားများကောင်းမွန်စေရေး အလေးထားဆောင်ရွက်ထားရန်၊ လေဆိပ်အဆောက်အဦများကို သန့်ရှင်းသပ်ရပ်မှုရှိပြီး ခရီးသွားပြည်သူများအဆင်ပြေစွာ ဝင်/ထွက် သွားလာနိုင်ရေး အဆင့်အတန်းမီ ဝန်ဆောင်မှုပေးနိုင်သည့် လေဆိပ်များဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က အလေးထားကြပ်မတ်ဆောင်ရွက်ရန်၊ လေဆိပ်များလုံခြုံရေးအတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လုံခြုံရေးကျိုးပေါက်မှုဖြစ်စဉ်များ မဖြစ်ပွားစေရေး လုံခြုံရေးအသိ၊ သတိရှိရှိဖြင့် ဆောင်ရွက်ရန်မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အတူ လိုက်ပါလာသည့် တာဝန်ရှိသူများသည် ကော့သောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မဉ္ဇူသကခန်းမတွင် ကော့သောင်းမြို့၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ကြီးဌာနအောက်ရှိ ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက စားသောက်ဖွယ်ရာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကော့သောင်းဆိပ်ကမ်းသို့ရောက်ရှိရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်၌ မြို့မဆိပ်ခံတံတား၊ ဘုရင့်နောင်ဆိပ်ခံတံတား၊ တော်ဝင်ကွန်ကရစ် ဆိပ်ခံတံတားနှင့် ဘုတ်ပြင်းမြို့နယ်ရှိ ကျောက်ထနောင်းကွန်ကရစ်ဆိပ်ခံတံတားများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ ဝင်ငွေရှာဖွေပေးနေမှု အခြေအနေ၊ မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးနည်းလမ်းဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်းနှင့် ရနောင်း-ကော့သောင်း-ရန်ကုန်ခရီးစဉ်ဖြင့် ကမ်းရိုးတန်းသွား သင်္ဘောငယ်များအသုံးပြု၍ ကုန်သေတ္တာစနစ်ဖြင့် ကုန်စည်များ တင်ပို့နေမှုများကို အသေးစိတ်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တော်ဝင်ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားသော MCL 4 ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးပြီး တရားမဝင်ကုန်စည်ပါဝင်မှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၀၀၄ ခု

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက်၊ ဒီဇင်ဘာ ၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့၊ နိုဝင်ဘာ ၃၀ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၂၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download