နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားတက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 08, 2024

နေပြည်တော် နိုဝင်ဘာ ၇
(၃၆) နှစ်မြောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးသမိုင်းတစ်လျှောက်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် အရေးကြီးသည့်အခန်းကဏ္ဍကပါဝင်ခဲ့ကြောင်း၊ နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ အသွင်အမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲပြီး ယနေ့ခေတ်ကာလတိုင်အောင် နိုင်ငံတော်၏အုပ်ချုပ်ရေးကို အထောက်အကူပြုသည့် ဌာနကြီးတစ်ခုအနေဖြင့် ဆက်လက်ရပ်တည်နိုင်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ဌာန၏ရည်မှန်းချက်များဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ကြရာတွင် ဌာန၏မူဝါဒများဖြစ်သည့် နိုင်ငံတော်မူဝါဒ လိုက်နာရေး၊ အခြေခံသဘောတရားနှင့်ကိုက်ညီရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေရေးတို့နှင့်အညီ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ကိုလည်း တွေ့ရပါကြောင်း။
စက်တင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ရာဂီတိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် သက်ဆိုင်ရာ ခရိုင်/ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များနှင့်အတူ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့်အပေါ် ဌာနအနေဖြင့် များစွာဂုဏ်ယူရမည်ဖြစ်ကြောင်း ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိ လူဦးရေနှင့် အိမ်အကြောင်းအရာကိန်းဂဏန်း၊ အချက်အလက်များကို နိုင်ငံတစ်ဝန်း တစ်ပြိုင်တည်း ကွင်းဆင်းကောက်ယူခဲ့ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ပြီး အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို “မူဝါဒ” အဖြစ်ခံယူပြီး ကျရာအခန်းကဏ္ဍမှ စိတ်ရင်းစေတနာအမှန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရန်ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသည့် အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အရာထမ်း၊ အမှုထမ်းများအနေဖြင့် လိုအပ်သည့်အခန်းကဏ္ဍမှပါဝင်၍ ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့အကျိုးကို အစဉ်သယ်ပိုးနိုင်ပြီး အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဌာနတူညီဝတ်စုံများ၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များနှင့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းတို့၌ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင် စံပြဆု၊ ပထမဆုရရှိသူများကို ဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

သတင်းစာများ - ၃၁၇၁ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download