ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 14, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၄

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၅ မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ လေးထောင့်ကန်လမ်းနှင့် ဦးဘဟန်လမ်းထောင့်ရှိ ပန်းခြံတွင် စိုက်ထူထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် ၁ ခု၊ ဗိုလ်ကံညွန့်ရပ်ကွက်ရှိ လေးထောင့်ကန်လမ်းနှင့် ဇမ္ဗူဒိပ်လမ်းထောင့်တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီဆိုင်းဘုတ် ၁ ခု၊ သုမင်္ဂလာရပ်ကွက်ရှိလေးထောင့်ကန်လမ်းနှင့် သုမင်္ဂလာလမ်းထောင့်(ဇဝနလမ်းဆုံ)တွင် စိုက်ထူထားသည့် ပြည်သူ့ပါတီဆိုင်းဘုတ် ၁ ခုနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ ဆိုင်းဘုတ် ၁ ခုတို့အား ဖြိုလှဲဖျက်ဆီးနေကြောင်း သတင်းအရပါတီဆိုင်းဘုတ်များဖျက်ဆီးခဲ့သည့် တရားခံများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်အောင်ရပ်ကွက်နေ ရွှေလင်းဦး(၂၀)နှစ်နှင့် ဗိုလ်ကံညွန့်ရပ်ကွက်နေ ခိုင်မင်းကို(၂၀)နှစ်တို့ ၂ ဦးအား ယင်းနေ့နံနက် ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခင်းဖြစ်နေရာအနီး ဦးစံဖေရပ်ကွက်၊ ဘုရင့်နောင်လမ်း၌လည်းကောင်း၊ ရန်အောင်ရပ်ကွက်နေသူများဖြစ်ကြသည့် စွမ်းထက်အောင်(၁၉)နှစ်အား နံနက် ၄ နာရီ ၅ မိနစ်အချိန်တွင် ရန်အောင်ရပ်ကွက်၊ ရန်အောင်လမ်းရှိ ၎င်း၏အဒေါ်ဖြစ်သူနေအိမ်မှလည်းကောင်း၊ ချစ်လင်းကို(၂၈)နှစ်အား နံနက် ၅ နာရီအချိန်တွင် ဗိုလ်ကံညွန့်ရပ်ကွက်၊ ဇမ္ဗူကျက်သရေဆောင်လမ်းရှိ ၎င်း၏အသိဖြစ်သူ နေအိမ်မှလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်။

ထိုသို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံးခြင်းမပြုနိုင်စေရန် စိုက်ထူထားသော ပါတီကိုယ်စားလှယ်လောင်းများ၏ ပါတီဆိုင်းဘုတ်များအားဖျက်ဆီးပြီး ခြိမ်းခြောက်ဟန့်တားခြင်းများပြုလုပ်ခဲ့သူ ချစ်လင်းကိုပါ ၄ ဦးအား သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၂၃၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) ဖြင့် အမှုဖွင့်ပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစာများ - ၃၃၅၀ ခု

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၇ ရက်၊ နိုဝင်ဘာ ၁၁ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၁၀ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 10, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download