ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာအထက်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 11, 2024
image_latest


ရန်ကုန် အောက်တိုဘာ ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့်တွေ့ဆုံကာ သင်ကြားရေးဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်းကျွမ်းကျင်ဝန်ထမ်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လှည်းကူးပညာရေးဒီဂရီကောလိပ်တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ တင်ပြချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပဲခူးမြို့ အခြေခံပညာအထက်တန်းကျောင်း အင်းတကော်နှင့် ပဲခူးတက္ကသိုလ်တို့သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည်သာယာလှပရေး တို့ကို အထူးအလေးထားဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေး၊ အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးရှိ အမှတ် (၁၀) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (အင်းတိုင်) နှင့် အခြေခံပညာအထက်တန်းကျောင်း (ကျွန်းကလေး) ကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းများ၏ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ဆောင်၊ သင်ထောက်ကူပစ္စည်းများ၊ သောက်သုံးရေနှင့် သန့်စင်ခန်းများ လုံလောက်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ညနေပိုင်းတွင် မြို့နယ်အသီးသီးမှ ပညာရေးဘွဲ့နှင့် ပညာရေးဒီပလိုမာဘွဲ့သင်တန်းသားများနှင့် ပညာရေးတက္ကသိုလ် Learning Hub ၌ တွေ့ဆုံပြီး မိမိတို့သင်ကြားရမည့် ဘာသာရပ်များတွင်သာမက ဆက်စပ်ပညာရပ်များကိုပါ ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာကြရန်၊ အရည်အချင်းရှိသော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၂၁ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 25, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download