ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 11, 2024
image_latest


နေပြည်တော် အောက်တိုဘာ ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသက်မွေးပညာသင်တန်းကျောင်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ကမာရွတ်မြို့နယ်၌ ဖွင့်လှစ်ထားသော MHTi ဟိုတယ်နှင့် ခရီးသွားလာရေးသင်တန်းကျောင်း (MHTi- M Hospitality & Tourism Institute) သို့လည်းကောင်း၊ ဗဟန်းမြို့နယ်၌ Yangon Global Enterprise က ဖွင့်လှစ်ထားသော YGE Training Center သို့လည်းကောင်း သွားရောက်၍ သင်တန်းကျောင်းအတွင်း သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးနေမှုကို  လှည့်လည်ကြည့်ရှုအားပေးကာ နိုင်ငံတကာ စံသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချနိုင်ရေး၊ ကျွမ်းကျင်လုပ်သားများ စနစ်တကျမွေးထုတ်ပေးနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နိုင်ငံတကာသုံး ဘာသာစကား သင်တန်းများ ဖွင့်လှစ်ပို့ချရေး၊ သင်တန်းကျောင်းများမှ ထွက်ရှိသော ထုတ်ကုန်များအား ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးကိစ္စရပ်များကို မှာကြားသည်။

ထို့နောက် ဗဟန်းမြို့နယ်ရှိ စင်ကာပူ - မြန်မာသက်မွေးပညာသင်တန်းကျောင်း (SMVTI) သို့ ရောက်ရှိပြီး သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ၊ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ဆိုင်ရာ သက်မွေးသင်တန်းများ၊ သင်တန်းသားများအတွက် စာသင်ဆောင်နှင့် စာသင်ခန်းများ စီစဉ်ထားရှိမှုအခြေအနေများကို မေးမြန်းကာ ဟိုတယ်နှင့် ခရီးသွားဘာသာရပ်ဆိုင်ရာများ သင်ကြားပို့ချရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၇၃ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download