ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂)သံမဏိစက်ရုံ(ပင်းပက်) ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 08, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၇

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) သို့ရောက်ရှိပြီး အောက်ဆီဂျင် ထုတ်လုပ်ရေးအလုပ်ရုံ၊ ရေသန့်စင်အလုပ်ရုံတို့တွင် စက်ပစ္စည်းများ တပ်ဆင်ပြီးစီးမှု၊ စစ်ဆေး ပြုပြင်ပြီးစီးမှု၊ တပ်ဆင်ရန်ကျန်ရှိနေမှု၊ စက်ပစ္စည်းများ စမ်းသပ်မောင်းနှင်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံတာဝန်ရှိသူများအနေဖြင့် စက်ရုံလည်ပတ်စဉ် မမျှော်မှန်း ထားရှိသည့် ကိစ္စရပ်များဖြစ်ပွားလာပါက ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများကို ဘက်ပေါင်းစုံမှ သုံးသပ်၍ ကြိုတင်မျှော်တွေးပြီး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း မှာကြားသည်။

ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည်။

ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်အနေဖြင့် တောင်ကြီး အေးသာယာစက်မှုဇုန်၊ မူဆယ်စက်မှုရပ်ကွက်၊ တာချီလိတ်စက်မှု ရပ်ကွက်များ တည်ထောင်ထား၍ ပုဂ္ဂလိကစက်မှုလုပ်ငန်း ၅၆၁ ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထပ်မံ၍လည်း တိုင်းရင်းသားလုပ်ငန်းရှင်များအား စက်မှုဇုန်များတွင် ပိုမိုရင်းနှီးမြှုပ်နှံလာနိုင်ရေး ဖိတ်ခေါ်ပေးနိုင်ပါရန် ပြည်နယ်အစိုးရကို တိုက်တွန်းလိုကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ရှမ်းပြည်နယ်အတွင်းရှိ MSME လုပ်ငန်းရှင် ၁၀ ဦးသို့ ချေးငွေများကို ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း၊ ထို့ပြင် ဆီစက်ချေးငွေကိုလည်း လုပ်ငန်းရှင်တစ်ဦးသို့ ထုတ်ပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသဖြင့် ရှမ်းပြည်နယ် အေဂျင်စီအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အေဂျင်စီအဖွဲ့အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် ရှမ်းပြည်နယ်သို့လာရောက်သည့် ခရီးစဉ်များတွင် လမ်းညွှန်ခဲ့သည့်အချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ MSME များနှင့် စက်မှုဇုန်ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှိပြီးစက်မှုဇုန်များနှင့်ပတ်သက်၍ စက်မှုဇုန်နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိစေရေးအတွက် စီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၁၇၁ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 23, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 22, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 18, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download