ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ၊ Synthetic ပြေးလမ်းနှင့် ယာဉ်ပတ်လမ်းများ လိုက်လံကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်း ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် အဆောက်အအုံများ၊ Synthetic ပြေးလမ်းနှင့် ယာဉ်ပတ်လမ်းများ လိုက်လံကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 24, 2025
နေပြည်တော် မေ ၂၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးပြင်းထန် ငလျင်ဒဏ်နှင့် မေလတွင် ဖြစ်ပွားခဲ့သော နောက်ဆက်တွဲ ငလျင်များကြောင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဘောလုံးအားကစားကွင်းပတ်လည် အဆောက်အအုံများနှင့် Synthetic ပြေးလမ်းများကို Max Myanmar Construction Co.,Ltd. မှ ပြည်လည်ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အားကစားကွင်းအပြင်ဘက် ယာဉ်ပတ်လမ်းတစ်လျှောက်ပျက်စီးကွဲအက်နေမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းငွေပေးအပ်ခြင်း အခမ်းအနားကို နေပြည်တော်ရုံးအမှတ်(၃၁)ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဧည့်တွေ့ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး တက်ရောက်သည်။
ပေးအပ်လှူဒါန်း
ဦးစွာ အလှူရှင်များက ထောက်ပံ့လှူဒါန်းငွေပေးအပ်ရခြင်းအကြောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအောင်နိုင်ရေးကော်မတီရန်ပုံငွေအဖြစ် ကိုရီးယားသမ္မတနိုင်ငံ Korea of J-Engle မှ ဥက္ကဋ္ဌ Mr.Lee Junsuk က ထောက်ပံ့လှူဒါန်းငွေကျပ်သိန်း ၁၀၀ ကိုလည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအတွက် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌကိုယ်စား Ranger Co.,Ltd. မှ General Manager ဒေါ်အိဖြူနှင်းသက်က ထောက်ပံ့ငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၆၃ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
