ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း (၅)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ ခရီးသွားဖိုရမ်၌ Combining Spaces and Harmonizing Cultures: Cross-Border Route for Tourist Exchange ခေါင်းစဉ်ဖြင့် ကျင်းပသော စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း (၅)ကြိမ်မြောက် မော်စကိုနိုင်ငံတကာ ခရီးသွားဖိုရမ်၌ Combining Spaces and Harmonizing Cultures: Cross-Border Route for Tourist Exchange ခေါင်းစဉ်ဖြင့် ကျင်းပသော စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / June 16, 2025
နေပြည်တော် ဇွန် ၁၃
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး မက်ဆင်ရီရှတ်နီ့ကို့ဗ်၏ ဖိတ်ကြားချက်အရ မော်စကိုမြို့တွင် ဇွန် ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပသည့် (၅) ကြိမ် မြောက် မော်စကိုနိုင်ငံတကာ ခရီးသွားဖိုရမ်နှင့်ခရီးသွားပြပွဲသို့ တက်ရောက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဇွန် ၁၁ ရက် နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ မော်စကိုမြို့ VDNH ပန်းခြံအတွင်း၌ ခင်းကျင်းပြသလျက်ရှိသည့် နိုင်ငံတကာမှ ခရီး သွားပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် VDNH ပန်းခြံ၊ ATOM ခန်းမ၌ The Role of Tourism in Preserving Historical Heritage and Strengthing International Ties ခေါင်းစဉ်ဖြင့် ကျင်းပသောဆွေးနွေးပွဲသို့တက်ရောက်သည်။ အဆိုပါဆွေးနွေးပွဲတွင် သဘာ ပတိအဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လူငယ်သံတမန်ကောင်စီ ဥက္ကဋ္ဌ Kolpakov Konstantin နှင့် အက်တမ်သိပ္ပံ၊ ပညာရေးနှင့်ဆက်သွယ်ရေးဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း၏ ညွှန်ကြားရေးမှူးချုပ် Mironenko Elena တို့က ဆောင်ရွက်ပြီး ဆွေးနွေးပွဲ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Pankin Aleksandr, မော်စကို ခရီးသွားကော်မတီမှ ဒုတိယ ဥက္ကဋ္ဌ ၊ ယဉ်ကျေးမှုအမွေအနှစ် သိပ္ပံမှ ကျွမ်းကျင်သူ Bodrova Polina, နိုင်ငံ့သမိုင်းနှင့်မော်ကွန်းပြတိုက်မှ Dementyev Aleksey, စိန့်ပီတာ စဘတ်မြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ၊ မဟာဗျူဟာလေ့လာရေး ဖောင်ဒေးရှင်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Smolnikov Dmitry တို့က သဘာဝ ပတ်ဝန်းကျင်နှင့်ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းခြင်းဖြင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုး တိုးတက်သော ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ ကြသည်။
ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် VDNH ပန်းခြံ၊ ပြခန်းစင်တာ ၅၅၊ ကွန်ဖရင့်ခန်းမ ၃ ၌ Combining Spaces and Harmonizing Cultures: Cross-Border Route for Tourist Exchange ခေါင်းစဉ်ဖြင့် ကျင်းပသော စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးသည်။ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲတွင် နယ်စည်းမခြား နိုင်ငံ တကာခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ကောင်စီဥက္ကဋ္ဌနှင့် ရီထရိုခရီးသွားကုမ္ပဏီ၏ အထွေထွေဒါရိုက်တာ Lvov Alexandar က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ခါဘာရော့ဗ် ခိုင်းဒေသခရီးသွားလုပ်ငန်းဝန်ကြီး Tsymbal Elena, သီရိလင်္ကာနိုင်ငံ နိုင်ငံရပ်ခြား အလုပ်အကိုင်နှင့်ခရီးသွားလုပ်ငန်းဒုတိယဝန်ကြီး Ranasinghe Ruwan, အာမိုဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်ပရေးရာ ဒုတိယဝန်ကြီး Kireeva Ekaterina, လွတ်လပ်သောဓနသဟာရနိုင်ငံများပါလီမန်ညီလာခံ ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ချုပ် Kobitskiy Dmitriy, ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ အထူးစီမံကိန်းများစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဌာန ညွှန်ကြားရေးမှူး Kondratyev Nikita, ခရီးသွားလုပ်ငန်းစီမံခန့်ခွဲမှုသင်တန်းကျောင်းမှ ထူထောင်သူ Salberg Eugene တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အခြေ အနေနှင့်ရှေ့အလားအလာများ၊ ခရီးသွားဆွဲဆောင်မှုများ၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ များ၊ ASEAN, GMS, BIMSTECS, အစရှိသော ဒေသတွင်းအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများ၊ Buddhist Tourist Circuit, Temple Tourist Circuit, Ancient Cities Trail, Ecotourism, Medical Tourism, Cruise and Yacht Tours အစရှိသော ခရီးစဉ်များအား ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းကာ မြှင့်တင်ဆောင်ရွက်မှု အခြေအနေများ၊ Welcome Russia အစီအစဉ်ကို အကောင်အထည် ဖော်ကာ ရင်းနှီးကျွမ်းဝင်မှုခရီးစဉ် (Familiarization Trip – FAM Trip) များကို စီစဉ် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ရုရှားနိုင်ငံမှ ကျင်းပပြုလုပ်သော ခရီးသွားပြပွဲများတွင် ပူးပေါင်းပါဝင်ပြသလျက်ရှိသော အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဖိုရမ်ကျင်းပရေးကော်မတီမှ စီစဉ် ဆောင် ရွက်သော Sun of Moscow ပွဲတော်၏လေ့လာရေးခရီးစဉ်တွင်လိုက်ပါ၍ VDNH ပန်းခြံ အတွင်း ခရီးသွားနှင့်အများပြည်သူအပန်းဖြေရန် စီစဉ်ဆောင်ရွက်ထားမှုများ၊ စားသောက် ဆိုင်နှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားရှိမှုများ၊ ဥရောပ၏အကြီးဆုံး ရှုခင်း ကြည့် ရဟတ်မျှော်စင်တို့ကို ဖိုရမ်သို့တက်ရောက်လာသော အခြားနိုင်ငံများမှ ဝန်ကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Source From: MyanmarAlin
သတင်းစာများ - ၃၄၆၂ ခု
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ March 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 28, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 27, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ February 26, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
