ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ် ပါဝင်ဆင်နွှဲ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 07, 2025
image_latest


 

ရန်ကုန် ဒီဇင်ဘာ ၆

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူတစ်ရပ်လုံးပါဝင်ဆင်နွှဲစေရေးရည်ရွယ်လျက် ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲ ပထမပတ်ကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးကျော်သူ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ် အရာရှိများ၊ ဖိတ်ကြားထားသူများ၊ မြို့နယ်ပေါင်းစုံမှ ပြည်သူများ၊ သူနာပြုတက္ကသိုလ်၊ သင်္ဃန်းကျွန်း TTC နှင့် ရန်ကင်းTTCတို့မှ ဆရာ ဆရာမများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား ကျောင်းသူများနှင့်အတူ ပါဝင်ဆင်နွှဲသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နံနက် ၅ နာရီခွဲတွင် သေနတ်ပစ်ဖောက်တာလွှတ်ပေးပြီး ပြည်သူ့ရင်ပြင်ပြည်လမ်းထွက်ပေါက်မှ စတင်တာထွက်၍ အလုံလမ်း- ဦးဝိစာရလမ်းမှ ပြည်သူ့ရင်ပြင်သို့ ပြန်လည်ပန်းဝင်၍ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး အတွဲအမှတ်(၁/၂)တို့ကို ပြုလုပ်ကြသည်။ အဆိုပါ လမ်းလျှောက်ပွဲသို့ ပြည်သူလူထု ဦးရေ ၂၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ပြီး လမ်းလျှောက်ပွဲအခမ်းအနားအပြီးတွင် ပါဝင်ဆင်နွှဲကြသူများအား နံနက်စာဖြင့် တည်ခင်းဧည့်ခံသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အင်းယားလမ်း၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်လေ့ကျင့်နေသည့် ရိုးရာလှေ၊ အမျိုးသား/အမျိုးသမီး(၁၀)တက်လှော် မီတာ ၅၀၀ နှင့် မီတာ ၂၀၀ ယှဉ်ပြိုင်လှော်ခတ်ရန် လေ့ကျင့်နေမှုများ၊ အပြည်ပြည်ဆိုင်ရာလှေ၊ အမျိုးသမီးလေးယောက်လှော်၊ အမျိုးသမီးနှစ်ယောက်လှော်၊ အမျိုးသားတစ်ယောက်လှော်၊ အမျိုးသားနှစ်ယောက်လှော်တို့၏ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နည်းပြများ၊ အားကစားသမားများအား လိုအပ်သည်များကိုမှာကြားကာ ရွှေတံဆိပ်ဆုများ ဆွတ်ခူးရရှိအောင် ကြိုးစားကြ ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားခန်းမသို့ရောက်ရှိပြီး လက်ရွေးစင်အားကစားသမားများနှင့် Kickboxing အားကစားသမားများ ပြိုင်ပွဲပုံစံလေ့ကျင့်ကစားနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ်မြောက်ပိုင်း မြန်မာနိုင်ငံ သေနတ်ပစ်အားကစားအဖွဲ့ချုပ်သို့ရောက်ရှိ၍ မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ 10m Air Rifle ၊ 50m 3 Position ၊ 10m Air Pistol ၊ 25m Sport Pistol နည်းများ လေ့ကျင့်ပစ်ခတ်နေမှုများကိုလည်းကောင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ်သို့လည်းကောင်း သွားရောက်ကြည့်ရှုပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အစည်းအဝေးခန်းမ၌ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြင်းအလှစီး (Dressage)၊ မြင်းစီးတန်းခုန် (Show Jumping )၊ ခရီးကြမ်းစီးနင်း (Cross Country) သုံးမျိုးပေါင်းဖြစ်သော (Eventing) မြင်းစီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေသည့် လေ့ကျင့်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ယခုသွားရောက်ယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ယခင်ကထက် ပိုမိုအဆင့်မြင့်မား၍ မျှော်မှန်းထားသည့်အတိုင်း ရွှေတံဆိပ်ဆုများရရှိအောင် ကြိုးစားသွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၃၇၂ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 06, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 05, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 04, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 03, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 02, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 01, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 30, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက် ၊ နိုဝင်ဘာ ၂၉ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 29, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ November 28, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download