ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နောက်ဆုံးရက်ဖြစ်သည့်အတွက် ပြည်သူများတစ်ခဲနက်လာရောက် ကြည့်ရှုလေ့လာ
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နောက်ဆုံးရက်ဖြစ်သည့်အတွက် ပြည်သူများတစ်ခဲနက်လာရောက် ကြည့်ရှုလေ့လာ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 17, 2025
နေပြည်တော် ဖေဖော်ဝါရီ ၁၆
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို တပေါင်းကွင်း၌ ကျင်းပလျက်ရှိရာ ယနေ့သည် ပြပွဲကျင်းပသည့် နောက်ဆုံးရက်ဖြစ်ပြီး ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့် အနယ်နယ်အရပ်ရပ်မှ ဒေသခံပြည်သူများ၊ MSME လုပ်ငန်းရှင် အများအပြားသည် စိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်ကြည့်ရှုလေ့လာကြကာ အထူးစည်ကားလျက်ရှိသည်။
နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပြခန်းများအပြည့် လာရောက်လေ့လာကြသည့် ပြည်သူများကို သက်ဆိုင်ရာပြခန်းအလိုက် တာဝန်ရှိသူများက ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ သိရှိလိုသမျှ ရှင်းလင်းဖြေကြားပေးလျက်ရှိပြီး လာရောက်လေ့လာဝယ်ယူသူများ များပြားသည့်အတွက် အချို့ဒေသထုတ်ကုန်၊ ထွက်ကုန်ပစ္စည်းများ ပြတ်လပ်သည်အထိ ရောင်းချခဲ့ရကြောင်း ပြခန်းတာဝန်ရှိသူများထံမှ သိရသည်။
အလားတူ ကုန်ထုတ်သမဝါယမအသင်းများ၏ ထုတ်ကုန်ပြခန်း၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွား ရေးကော်ပိုရေးရှင်း(MEC)နှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းဖြင့် ချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် လာရောက်ဝယ်ယူကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထွက်ရှိသည့် ဒေသအလိုက် အစားအစာများ၊ ရိုးရာအစားအစာများကိုလည်း တိုင်းရင်းသားရိုးရာအစားအစာ အရောင်းပြခန်းများ၌ ပြည်သူများ စိတ်ကြိုက်ဝယ်ယူ စားသုံးနိုင်ရန် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် ဝယ်ယူစားသုံးသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိပြီး တိုင်းရင်းသားရိုးရာအစားအစာများသည် ပြတ်လပ်သည်အထိ ရောင်းချရသည်ကို တွေ့ရသည်။
ပြပွဲရက်များအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်းသည် ဆန်၊ ဆီ နှင့် ကုလားပဲတို့ကို နေ့စဉ်ဝေငှပေးလျက်ရှိပြီး ယနေ့တွင်လည်းပွဲတော်လာ ပြည်သူအများအပြား စီတန်းရယူလျက်ရှိသည်ကိုလည်း တွေ့ရသည်။
ယနေ့သည် ပြပွဲကျင်းပသည့် နောက်ဆုံးရက်ဖြစ်သည့်အတွက် MSME လုပ်ငန်းရှင်များသည် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေ ချိတ်ဆက်မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ One Stop Services များရယူနိုင်ရေးတို့ကို ကြိုးပမ်းချိတ်ဆက်ဆောင်ရွက်နေသည်ကို တွေ့ရှိရသည်။
ညပိုင်းတွင် ပြပွဲလာပြည်သူများ အေးချမ်းပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ပြည်သူအကြိုက်တေးသီချင်းများဖြင့် မြူးကြွစွာ သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်သူများသည် တစ်ဦးချင်းအလိုက်၊ အစုအဖွဲ့အလိုက် အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်ကို တွေ့ရသည်။
သတင်း- သန်းမင်းအောင်၊ အောင်မင်းထွန်း
ဓာတ်ပုံ - ကိုအေးသန်း
သတင်းစာများ - ၃၄၂၀ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
