မန္တလေးငလျင်ကြီး ဘေးသင့်အာမခံအလုပ်သမားများ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 17, 2025
image_latest


မန္တလေး ဇူလိုင် ၁၆

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီးမှ တာဝန်ရှိသူများ၊ ငလျင်ဘေးသင့် အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ယနေ့အခမ်းအနားတွင် အင်အားပြင်း မန္တလေးငလျင်ကြီးဘေးသင့်ခံခဲ့ရသော အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို မန္တလေးတိုင်းဒေသကြီးအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာန ၇၃၉၅ ဌာနရှိ အာမခံအလုပ်သမား ၁၂၅၆၇၃ ဦးအနက် စိစစ်ပြီး အာမခံအလုပ်သမား ၁၁၈၇၀ ကို ငွေကျပ် ၉၆၈ ဒသမ ၁၈၁ သန်းနှင့် အလုပ်လုပ်ကိုင်နေစဉ် ငလျင်လှုပ်ခတ်မှုကြောင့် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့သူ အာမခံအလုပ်သမား ၁၆ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၁၀၃ ဒသမ ၄၇၀ သန်းကို ခွင့်ပြုထုတ်ပေးမည်ဖြစ်ကြောင်း။

မိသားစုထောက်ပံ့မှုအာမခံစနစ်ပါ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာသင်စရိတ်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Online Payment System နှင့်အညီ မြန်မာ့စီးပွားရေးဘဏ်မှတစ်ဆင့် ပုဂ္ဂလိကဘဏ်များသို့ Digital Payment System ဖြင့် KBZ Pay၊ AYA Pay ၊ Wave Pay၊ UAB Pay ၊ Mytel Pay တို့မှတစ်ဆင့် အာမခံအလုပ်သမားများ လက်ဝယ်အရောက် စနစ်တကျလွယ်ကူမြန်ဆန်စွာရောက်ရှိစေရေး လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အာမခံအလုပ်သမား ၁၁၈၇၀ အတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှုအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအတွက် ငွေကျပ် ၉၆၈ ဒသမ ၁၈၁ သန်းကို လွှဲပြောင်းပေးအပ်ခြင်းနှင့် မန္တလေးငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သူ ၁၆ ဦးအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေကျပ် ၁၀၃ ဒသမ ၄၇၀ သန်းတို့ကို ကျန်ရစ်သူမိသားစုများနှင့် တာဝန်ရှိသူများထံ ပေးအပ်သည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ Mobile Medical Unit (MMU) ဖြင့် အာမခံအလုပ်သမားများအား ဆေးကုသဝန်ဆောင်မှုပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးအလုပ်သမားဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကောင်းမွန်သည့် ဆေးကုသမှုဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ - ၃၄၂၀ ခု

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download