မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 09, 2026
image_latest


နေပြည်တော် ဇွန် ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်ရေးနှင့် နှစ်နိုင်ငံနည်းပညာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ဇွန် ၁ ရက်မှ ၅ ရက်အထိ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

 ဇွန် ၁ ရက်တွင် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့၌ ဘယ်လာရုစ်နိုင်ငံ စိုက်ပျိုးရေးနှင့် စားရေရိက္ခာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ivan Smilhin ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံမှ အေးခဲပုစွန်များ ဘယ်လာရုစ်နိုင်ငံသို့ တင်ပို့ရေး၊ ဘယ်လာရုစ်နိုင်ငံမှ အသား၊ နို့နှင့် နို့ထွက်ပစ္စည်းများ မြန်မာနိုင်ငံသို့ တင်သွင်းရေး၊ နေကြာနှင့် ဆီမုန်ညင်းစိုက်ပျိုးထုတ်လုပ်ခြင်း၊ ဆီကြိတ်ခွဲထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ဝါမှချည်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ဝါ၊ ကော်ဖီ၊ သရက်၊ ဒူးရင်း၊ ထောပတ်သီးနှံများ ထုတ်လုပ်မှုတွင် ဘယ်လာရုစ်နိုင်ငံလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရေး၊ နှစ်နိုင်ငံစိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ၊ သိပ္ပံကျောင်းများ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ထို့အတူ ဇွန် ၂ ရက်တွင် (၃၆) ကြိမ်မြောက် နိုင်ငံတကာ အထူးကုန်စည်ပြပွဲ ဖွင့်ပွဲသို့ တက်ရောက်ပြီး တန်ဖိုးမြင့်အသားထုတ်ကုန်ပြခန်းများ၊ တန်ဖိုးမြင့်နို့နှင့် နို့ထွက်ပစ္စည်းပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာများ၊ ဆီမုန်ညင်းမျိုးစေ့နှင့် မုန်ညင်းဆီများ၊ နှမ်းကြတ်စေ့ မျိုးစေ့နှင့် ၎င်းမှ ထုတ်လုပ်သည့် လျှော်မျှင်များကို ကြည့်ရှုလေ့လာ၍ ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ နိုင်ငံပိုင်မုန်ညင်းဆီထုတ်လုပ်သည့် စက်ရုံအား သွားရောက်လေ့လာကြသည်။

ကြည့်ရှုလေ့လာ

အလားတူ ဇွန် ၃ ရက်တွင် မင့်စ်ဒေသအတွင်းရှိ Krakhmalsy Potato Processing Factory နယ်မြေ၏ ဟက်တာ (၁၁၀၀) ခန့်ရှိ အာလူးစိုက်ဧရိယာ၌ အစိုးရဌာနများ၏ ညှိနှိုင်းပေါင်းစပ်မှုဖြင့် အာလူးစိုက်တောင်သူများနှင့် စက်ရုံတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ အာလူးကြော်စက်ရုံအတွင်း အာလူးကြော်ထုတ်လုပ်မှု၊ Tolochinsky Canned Food Factory ၏ အာလူးရိတ်သိမ်းခြင်း၊ အချိုရည်ပုလင်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်းကောင်း၊ ဇွန် ၄ ရက်တွင် ဘာရာနိုဗစ်ချ်မြို့ရှိ Baranovichi Cotton Production Association ၏ ချည်မျှင်နှင့် အထည်စက်ရုံ၏ ချည်ထည်ပစ္စည်းအမျိုးမျိုးထုတ်လုပ်မှု၊ ဂိုရိုဒေယာမြို့ရှိ ဂိုရိုဒေးစကီးသကြားစက်ရုံတွင် သကြားမုန်လာမှ သကြားချက်လုပ်နေမှုနှင့် ဘေးထွက်ကုန်ပစ္စည်း အမျိုးမျိုးထုတ်လုပ်နေမှုကိုလည်းကောင်း ကြည့်ရှုလေ့လာကြသည်။

ထို့အပြင် ဇွန် ၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိ၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံပိုင်အသေးစားစက်မှု လုပ်ငန်းထုတ်ကုန်များ ထုတ်လုပ်မှုနှင့် ရောင်းချမှုအဖွဲ့ဥက္ကဋ္ဌ H.E. Ms Nadzeya Lazarevich နှင့် အဖွဲ့နှင့် တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံမှ လိုအပ်လျက်ရှိသည့် မြန်မာ့ Arabica ကော်ဖီနှင့် ဝါဂွမ်းများ တင်ပို့နိုင်ရေး၊ ဆီမုန်ညင်း စိုက်ပျိုးထုတ်လုပ်ရေး၊ နှစ်နိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။

ထို့နောက် လယ်ယာသုံးထွန်စက်ကြီးများ သရုပ်ပြပွဲကို သွားရောက်ကြည့်ရှုလေ့လာကြပြီး ဘယ်လာရုစ် စိုက်ပျိုးရေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်လေးခုမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ Student Exchange Program နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

လက်မှတ်ရေးထိုး

ယင်းနောက် နှစ်နိုင်ငံ ဒုတိယဝန်ကြီးများသည် ဇွန် ၁ ရက်က ကျင်းပခဲ့သည့် Joint Working Group အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းကို လက်မှတ်ရေးထိုးကြသည်။

ဇွန် ၈ ရက် ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

သတင်းစာများ - ၃၅၅၁ ခု

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download