မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦး ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 17, 2025
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၆

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ပြည်ပနိုင်ငံသား ၂၃၁ ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် နေ့ချင်းပြီး ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၃၀ ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၁ ဦးကို ထိုင်းနိုင်ငံသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၉၆၉ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။

အဆိုပါ ထိန်းသိမ်းထားရှိသည့် ပြည်ပနိုင်ငံသားများ၏ စကားသံများကို ယခုကဲ့သို့ ကြားသိရသည်-

Mr. Qian Le Ping (တရုတ်နိုင်ငံသား)

မိုင်းလားမြို့မှာ အလုပ်ကောင်းကောင်းရမယ်။ လစာများများရမယ်ဆိုတဲ့ အလုပ်ခေါ်စာတွေ့လို့ ၂၀၁၈ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ တရုတ်နိုင်ငံကတစ်ဆင့် မိုင်းလားမြို့ကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ခဲ့ပါတယ်။ မိုင်းလားမြို့ကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး Xiao Mu ရဲ့ Yong Le Gong အွန်လိုင်းဂိမ်း ကုမ္ပဏီမှာငါးနှစ် အလုပ်လုပ်ခဲ့ပါတယ်။ မိုင်းလားကတစ်ဆင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ရွှေကုက္ကိုလ်ကို ရောက်ရှိပြီး တရုတ်လူမျိုး Xiao Duo Duo ရဲ့ Hong Tu Guo Ji ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် ကွန်ပျူတာနဲ့ ဂိမ်းကြော်ငြာပေးရတဲ့အလုပ်ကို နေ့တိုင်း နေ့လယ် ၁၂ နာရီကနေ ည ၁၂ နာရီအထိ လုပ်ပေးရပါတယ်။ တစ်လကို ဘတ်ခုနစ်ထောင်နဲ့ သုံးလစာပဲရရှိပြီး ကျန်လတွေမှာ လစာမရခဲ့ပါဘူး။

Mr. Zhuo Li (တရုတ်နိုင်ငံသား)

ကျွန်တော်လုပ်ရတဲ့အလုပ်က တရုတ်လူမျိုးပိုင်တဲ့ Jin Man Tang ကုမ္ပဏီမှာ အွန်လိုင်းကတစ်ဆင့် လိမ်လည်ပြီး မက်ဆေ့ပို့ရတဲ့အလုပ်ကို တစ်ရက် ၁၆ နာရီခန့် အလုပ်လုပ်ရပြီး အဲဒီမှာ ကိုးလခန့် ကြာခဲ့ပါတယ်။ ပထမလမှာ ဘတ်ငါးထောင်ရပါတယ်။ ကျန်လတွေမှာတော့ လစာမရပါဘူး။ ရွှေကုက္ကိုလ်ကို ဝင်ရောက်ခဲ့တဲ့လမ်းကြောင်းကတော့ တရုတ်နိုင်ငံကနေ လာအိုနိုင်ငံကို အရင်သွားခဲ့ပါတယ်။ လာအိုနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ကားနဲ့ထွက်ခွာခဲ့ပါတယ်။ ဘန်ကောက်မြို့ကတစ်ဆင့် ထိုင်းလူမျိုးယာဉ်မောင်းတစ်ဦးရဲ့ အကူအညီနဲ့ မဲဆောက်မြို့ကို ဆက်ထွက်ခဲ့ပါတယ်။ မဲဆောက်မြို့ရောက်တော့ ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ မြစ်တစ်ခုကို စက်လှေနဲ့ဖြတ်ပြီး ရွှေကုက္ကိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာတစ်လကို ယွမ်တစ်သောင်းရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးရဲ့ ဆက်သွယ်ပေးမှုကြောင့် အခုလို ထွက်လာခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာတော့ ထိန်းသိမ်းခံခဲ့ရပါတယ်။

Mr. Xu Yuan Shun (တရုတ်နိုင်ငံသား)

ထိုင်းနိုင်ငံမှာ တစ်လကို ယွမ် ၁၂၀၀၀ ရတဲ့အလုပ်လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေခင်တဲ့ တရုတ်နိုင်ငံသားတစ်ဦးက ဆက်သွယ်ပေးတဲ့အတွက် ၂၀၂၄ ခုနှစ် မေလ ၃ ရက်နေ့မှာ လေယာဉ်နဲ့ တရုတ်နိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့ကိုရောက်တော့ တရုတ်လူမျိုးယာဉ်မောင်းတစ်ဦးက မဲဆောက်မြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မဲဆောက်မြို့ကို မေလ ၄ရက်နေ့မှာ ရောက်ရှိခဲ့ပါတယ်။ မဲဆောက်မြို့ကနေတစ်ဆင့် ထိုင်းလူမျိုးတစ်ဦးရဲ့ စီစဉ်ပေးမှုနဲ့ ရွှေကုက္ကိုလ်ကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ရွှေကုက္ကိုလ်ကို မရောက်ခင်စက်လှေနဲ့ မြစ်တစ်မြစ်ကို ဖြတ်ခဲ့ရပါတယ်။ ရွှေကုက္ကိုလ်ကိုရောက်တော့ တရုတ်လူမျိုးပိုင်တဲ့ ကုမ္ပဏီတစ်ခုမှာအလုပ်ရပြီး အွန်လိုင်းကနေ လိမ်လည်ပြီး လူရှာဖွေပေးရတဲ့အလုပ်ကို တစ်နေ့ ၁၆ နာရီ လုပ်ပေးရပါတယ်။ တစ်လကို ဘတ် ၂၀၀၀ ရရှိပါတယ်။ ကိုးလခန့်လုပ်ကိုင်ခဲ့ရပါတယ်။

Mr. Phimsanduk (ထိုင်းနိုင်ငံသား)

ကျွန်တော်က (Electronic) အထူးပြုဘာသာရပ်နဲ့ ကျောင်းပြီးပါပြီ။ ကျောင်းပြီးတော့ ဇာတိမြို့ဖြစ်တဲ့ Lam Phun မြို့မှာပဲ အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်လုပ်နေရင်း ရွှေကုက္ကိုလ်မှာ လစာကောင်းတဲ့အလုပ် လုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေ အဆက်အသွယ်ရခဲ့ပါတယ်။ အွန်လိုင်းကနေ လူရှာပေးရတဲ့ အလုပ်လုပ်ရမယ်။ လစာတစ်လဘတ် ၃၀၀၀၀ ရမယ်လို့ Facebook ပေါ်မှာတွေ့တဲ့ အမျိုးသမီးတစ်ဦးက ဆက်သွယ်ပြောဆိုလာခဲ့တဲ့အတွက် အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံ Lam Phun မြို့ကနေ ခရီးသည်တင်ယာဉ်နဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ ထွက်လာခဲ့ပါတယ်။ မဲဆောက်မြို့ကို ရောက်တဲ့အခါမှာ ထိုင်းလူမျိုးအမျိုးသားတစ်ဦးက ကားနဲ့လာခေါ်ပြီး သောင်ရင်းမြစ်ကမ်းစပ်ကို ပို့ဆောင်ပေးခဲ့ပါတယ်။ မြစ်ကို စက်လှေနဲ့ဖြတ်ကူးပြီး တစ်ဖက်ကမ်းကို ရောက်တဲ့အခါမှာ တရုတ်လူမျိုး အမျိုးသားတစ်ဦးက ကားနဲ့လာခေါ်ပြီး ရွှေကုက္ကိုလ်မှာရှိတဲ့ Hong Chu ကုမ္ပဏီကို ပို့ပေးခဲ့ပါတယ်။ အဲဒီမှာ အွန်လိုင်းဂိမ်း အလုပ်ကိုလုပ်ကိုင်ဖို့ ကွန်ပျူတာပညာကို သင်ယူနေတုန်းဖြစ်ပါတယ်။ သင်ယူနေတုန်း ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။

သတင်းစဉ်

သတင်းစာများ - ၃၃၈၂ ခု

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 17, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 16, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 15, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 14, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 13, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 12, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 11, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ December 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32

ဘာသာစကား: မြန်မာ

Download