အမေရိကန်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုခြင်းအတွက် ပင်လယ်ရေနေ နို့တိုက်သတ္တဝါကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာဥပဒေနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
အမေရိကန်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုခြင်းအတွက် ပင်လယ်ရေနေ နို့တိုက်သတ္တဝါကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာဥပဒေနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 26, 2025
နေပြည်တော် မတ် ၂၅
အမေရိကန်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုခြင်းအတွက် ပင်လယ်ရေနေ နို့တိုက်သတ္တဝါကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာဥပဒေနှင့်အညီ ပြင်ဆင်ဆောင်ရွက်ရန် အကြောင်းကြားလာမှုနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော် ရုံးအမှတ် (၃၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဌာနတာဝန်ရှိသူများ၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အမေရိကန်နိုင်ငံ၏ သွင်းကုန်စည်းမျဉ်းများအရ အမေရိကန်နိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့သည့်အခါ အမေရိကန်နိုင်ငံမှ အတည်ပြုပြဋ္ဌာန်းထားသော ပင်လယ်ရေနေနို့တိုက်သတ္တဝါများ ထိန်းသိမ်းကာကွယ်ရေးဥပဒေ (Marine Mammal Protected Act - MMPA) နှင့်အညီ ဆောင်ရွက်မှသာ တင်ပို့ခွင့်ရရှိမည်ဖြစ်ကြောင်း။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် အမေရိကန်နိုင်ငံသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးဌာန၏ နိုင်ငံအဆင့် ပင်လယ်ငါးဖမ်းလုပ်ငန်းအဖွဲ့က ပြည်ပနိုင်ငံများမှ တင်သွင်းလျှောက်ထားခဲ့သည့် 2021- Comparability Finding Application Report များတွင် ပင်လယ်ရေနေ နို့တိုက်သတ္တဝါ မတော်တဆဖမ်းဆီးရမိမှုနှင့် သေဆုံးမှုအချက်အလက်များကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းများ၊ တင်သွင်းနိုင်ငံများ၏ ငါးလုပ်ငန်းအချက်အလက် သဘောသဘာဝ၊ စည်းမျဉ်းစည်းကမ်းများတွင် နှိုင်းယှဉ်ရန် စိန်ခေါ်မှုများနှင့် တင်သွင်းနိုင်ငံများအပေါ် မျှတ၍ သမာသမတ်ကျသော ဆုံးဖြတ်ချက်များ ထွက်ပေါ်လာစေရန်အတွက် စိစစ်အကဲဖြတ်အပြီးသတ်ရန် အချိန်လိုအပ်ကြောင်း ဆုံးဖြတ်ခဲ့သည့်အတွက် ပြည်ပနိုင်ငံများမှ ပင်လယ်ရေနေ နို့တိုက်သတ္တဝါကာကွယ်ထိန်းသိမ်းခြင်းဆိုင်ရာဥပဒေနှင့်အညီ ရေထွက်ကုန်တင်သွင်းမှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ကင်းလွတ်ခွင့်သက်တမ်းထပ်မံတိုးပေးကြောင်း အကြောင်းကြားထားရှိခဲ့ပါကြောင်း။
အဆိုပါပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် သက်သေအထောက်အထားများနှင့် ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မတိုင်မီ ပြန်လည်ပေးပို့ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအစည်းအဝေးတွင် ရေထွက်ကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ စဉ်ဆက်မပြတ်တင်ပို့ခွင့်ရရှိရေးအတွက် အကြံပြုချက်များဖြင့် ပူးပေါင်းပါဝင်ဆွေးနွေးကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ရေနေနို့တိုက်သတ္တဝါများ မတော်တဆဖမ်းဆီးမှုလျှော့ချနိုင်ရေးအတွက် ရေနေနို့တိုက်လုပ်ငန်းကြီးကြပ်ရေးနှင့် အခွန်ဌာနခွဲမှ ညွှန်ကြားရေးမှူးက NOAA 30 အကြံပြုထားရှိသည့် နည်းလမ်းများ၊ နိုင်ငံတကာမှ သုတေသနဆောင်ရွက်ချက်များနှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည့် ရေနေနို့တိုက်သတ္တဝါများ ထိခိုက်သေဆုံးခြင်း မဖြစ်ပေါ်စေရေး ရှောင်ရှားရမည့် ကိရိယာနှင့် နည်းလမ်းများ၊ ဖမ်းဆီးရမိပါက ပြန်လည်လွှတ်ပေးရန်၊ ထိန်းသိမ်းကာကွယ်ရန်နှင့် ဖမ်းဆီးရရှိမှုလျော့ကျစေရေးညွှန်ကြားချက်များ၊ အကြောင်းကြားခြင်းများ ထုတ်ပြန်ပေးထားပြီး အခြေအနေများ၊ တရွတ်ဆွဲငါးဖမ်းရေယာဉ်များတွင် TEDs များ တပ်ဆင်ထားရှိမှုနှင့် စစ်ဆေးကြပ်မတ်ခြင်း၊ နိုင်ငံတကာနှင့် လေ့လာစောင့်ကြည့်သူများ သိရှိလေ့လာနိုင်စေရန် (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် ငါးလုပ်ငန်းဦးစီးဌာန Website တွင် လွှင့်တင်ထားရှိမှု၊ NOAA Website မှ သတ်မှတ်ချက်များနှင့်အညီ ထုတ်ပြန်ထားသော ရေနေနို့တိုက်သတ္တဝါများ မတော်တဆဖမ်းဆီးရမိမှု လျော့ကျစေရေးအတွက် ရှောင်ရှားရမည့် ကိရိယာနှင့် နည်းလမ်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးက NOAA မှ ရှောင်ရှားခြင်းပြုရန် အကြံပြုထားသည့် လုပ်ငန်းများ လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်မှုများ မှတ်တမ်းမှတ်ရာများ ထားရှိတင်ပြကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၁၃ ခု
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
