အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အသိပညာပေးအစီအစဉ်ကျင်းပ
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) အသိပညာပေးအစီအစဉ်ကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 26, 2025

နေပြည်တော် မတ် ၂၅
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂) အသိပညာပေးအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
တက်ရောက်
အဆိုပါ အသိပညာပေးအစီအစဉ်သို့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) ရေးဆွဲရေးဆိုင်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း- NSPAW (၂၀၂၃-၂၀၃၂)ကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ပူးပေါင်းဆောင်ရွက်လာစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကိုသာမက တိုင်းဒေသကြီး/ ပြည်နယ်များကိုပါ အသိပညာပေးဆောင်ရွက်မည်ဖြစ်ကြောင်း။
နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်းသည် နိုင်ငံတကာနှင့် ဒေသတွင်းမျက်နှာစာတွင် မိမိတို့နိုင်ငံ၏ အမျိုးသမီးကဏ္ဍမြှင့်တင်မှုကို ပေါ်လွင်ထင်ရှားအောင် ပြသနိုင်မည့် ပြယုဂ်တစ်ခုအနေဖြင့် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီမံချက်ပါရည်မှန်းချက်များ ပြည့်မီရန် အားလုံးဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း-NSPAW (၂၀၂၃-၂၀၃၂) ရေးဆွဲထားရှိမှုလုပ်ငန်းစဉ်နှင့် စီမံကိန်းအကောင်အထည်ဖော်မှု အထောက်အပံ့ဖြစ်စေရေး ကျား၊ မ ရေးရာ တာဝန်ခံ Gender Focal Point များ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အလိုက် စီမံကိန်းပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြကြပြီး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း NSPAW (၂၀၂၃-၂၀၃၂) စာအုပ်ကို ဖြန့်ချိသည့် အစီအစဉ်အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၁၄၅ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ ဧပြီ ၂၄ ရက်၊ ကြာသပတေးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ ဧပြီ ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ ဧပြီ ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ ဧပြီ ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ ဧပြီ ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 18, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download