အမျိုးသားရေးလုပ်ငန်းစဉ်အောင်မြင်ရေး အားလုံးပါဝင်ကူညီဆောင်ရွက်
အမျိုးသားရေးလုပ်ငန်းစဉ်အောင်မြင်ရေး အားလုံးပါဝင်ကူညီဆောင်ရွက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 10, 2024
မြန်မာနိုင်ငံတွင် ဆယ်နှစ်တစ်ကြိမ်ကောက်ယူသည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မကြာမီကာလတွင် ကောက်ယူတော့မည်ဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူခြင်းကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က “သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်နေ့အထိ အတတ်နိုင်ဆုံးရသည့်နေရာများတွင် သတ်မှတ်ချက်အတိုင်း ကောက်ယူရန်နှင့် မကောက်ယူနိုင်သည့်နေရာများတွင် လုံခြုံရေးများ ထပ်မံချထားပြီး ကာလသတ်မှတ်၍ မြေပြင်အမှန်ရသမျှ ကောက်ယူရန်” လမ်းညွှန်မှာကြားထားသည်။
ဗဟိုသန်းခေါင်စာရင်းကော်မရှင်က စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်သော ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို လိုက်နာဆောင်ရွက်ရန်နှင့် ရှေ့ပြေးစာရင်းထုတ်ပြန်မည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမတိုင်မီ ရသမျှအပြီးကောက်ယူရန်” မှာကြားခဲ့သည်။ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် ပြည်လုံးကျွတ် တစ်ပြိုင်တည်းဆောင်ရွက်ရသည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသော လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေတို့ကြောင့် အချို့ဒေသများတွင် တစ်ချိန်တည်းမကောက်ယူနိုင်သဖြင့် လမ်းညွှန်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြီးမားကျယ်ပြန့်သောလုပ်ငန်းဖြစ်သည်။ သန်းခေါင်စာရင်းစီမံကိန်းတစ်ခုလုံး အောင်မြင်စေရန် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အသေးစိတ်စီမံချက်ရေးဆွဲပြီး လုပ်ငန်းစဉ်အလိုက် အချိန်ဇယားသတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၃၆ လ ကြာမြင့်ခဲ့ပြီး မကြာမီကာလတွင် အကောင်အထည်ဖော်မှု ပြီးစီးတော့မည်ဖြစ်သည်။ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိထိရောက်ရောက် စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်၍ မြေပြင်ကွင်းဆင်းသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်သည်။
ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအများစုကို သန်းခေါင်စာရင်းလုပ်ငန်းကြီးအား တာဝန်ယူဆောင်ရွက်ရသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းအများစုသည် ဆက်စပ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများသာမက လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးကပါ ပူးပေါင်းပါဝင်လက်တွဲဆောင်ရွက်ရမည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်မှု မဖြစ်မနေလိုအပ်သည်။ လက်ရှိတွင် အချို့ဒေသများ၌ ဖြစ်ပေါ်နေသောအခြေအနေများအရ မြေပြင်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မလွဲမသွေကြုံတွေ့ရမည်ဖြစ်သည်။ သို့သော် စီမံချက်ပါအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံနိုင်ရန်၊ တစ်ယောက်မကျန် စာရင်းကောက်ယူနိုင်ရန်၊ မေးမြန်းသမျှအပေါ်တွင် မှန်မှန်ကန်ကန် ဖြေကြားနိုင်ရန်နှင့် လိုအပ်သည့် ကိန်းဂဏန်းအချက်အလက်များရရှိစေရန် ဆောင်ရွက်ကြရမည့် တာဝန်ရှိသူများနှင့် ပြည်သူများအနေဖြင့် ကြုံတွေ့ရမည့်အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ယူထားသည့်ကာလအတွင်း အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ကာ အခက်အခဲတိုင်းကို မဖြစ်မနေဖြတ်သန်းကျော်လွှားခဲ့ပြီးဖြစ်သည်။ ယခုအခါ အခက်အခဲအမျိုးမျိုးကြားမှ အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကြိုတင်မြော်တွေးနိုင်မှု၊ ဝိုင်းဝန်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများဖြင့် အခက်အခဲပြဿနာများကို ကျော်လွှားအောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများနှင့် အဖွဲ့အစည်းများကလည်း တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကြဖို့လိုမည်ဖြစ်သည်။
သို့ဖြစ်ရာ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကြီး အထမြောက်အောင်မြင်စေရန် အချိန်ကာလ တရွေ့ရွေ့နီးကပ်လာပြီဖြစ်သည်။ အမျိုးသားရေးလုပ်ငန်းစဉ်ကြီး အောင်မြင်စေရန် ငွေအင်အား၊ လူအင်အား၊ ကျွမ်းကျင်မှုအင်အားများ လိုအပ်သကဲ့သို့ စေတနာအား၊ စိတ်ဓာတ်ခွန်အားများလည်း လိုအပ်မည်ဖြစ်သည်။ ယခုလုပ်ငန်းစဉ်ကြီးသည် နိုင်ငံတကာအကူအညီမပါဘဲ ကိုယ့်ခွန်ကိုယ့်အားဖြင့် ဆောင်ရွက်သည့် အမျိုးသားရေးလုပ်ငန်းစဉ်ကြီးဖြစ်၍ တိကျမှန်ကန်သည့် သန်းခေါင်စာရင်းရလဒ်များ ရရှိအောင် ဆောင်ရွက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် နည်းလမ်းကျနမှန်ကန်သည့် စစ်မှန်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
သတင်းစာများ - ၂၉၄၄ ခု
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ အောက်တိုဘာ ၇ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 07, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ အောက်တိုဘာ ၆ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 06, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ အောက်တိုဘာ ၅ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 05, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ အောက်တိုဘာ ၄ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 04, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ အောက်တိုဘာ ၃ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 03, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ အောက်တိုဘာ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 02, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ အောက်တိုဘာ ၁ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 01, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၃၀ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 30, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၂၉ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 29, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၂၈ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ September 28, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download