အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများရှိပြီး LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများရှိပြီး LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 11, 2025
နေပြည်တော် အောက်တိုဘာ ၁၀
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ PTTEP Inter-national Limited ၏ အမှုဆောင်အရာရှိချုပ်နှင့် မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကမ်းလွန်စီမံကိန်းများနှင့်စပ်လျဉ်း၍ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် PTTEP International Limited ၏ အမှုဆောင်အရာရှိချုပ် Mr. Montri Rawanchaikul က စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွက်နှုန်းကျဆင်းနေသော ကမ်းလွန်စီမံကိန်းများဖြစ်သည့် ရတနာနှင့်ဇောတိကစီမံကိန်းများမှ သဘာဝဓာတ်ငွေ့ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တွင်းအသစ်များ တူးဖော်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ကမ်းလွန်စီမံကိန်းအသစ်များ ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည့်စာချုပ်များ အမြန်ဆုံးချုပ်ဆိုသွားနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဇောတိကစီမံကိန်းတွင် တူးဖော်နေသည့် တွင်းအသစ်များမှ သဘာဝဓာတ်ငွေ့များ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ မိမိတို့ ပြည်တွင်းလျှပ်စစ်ထုတ်လုပ်မှုတွင် အသုံးပြုရန် ရည်ရွယ်ဆောင်ရွက်နေသည့် စီမံကိန်းအသစ်ဖြစ်သည့် ကမ်းလွန်လုပ်ကွက်အောင်သိင်္ခစီမံကိန်းမှ ၂၀၂၈ ခုနှစ်တွင် ပထဆုံးသဘာဝဓာတ်ငွေ့ စတင်ထုတ်ယူနိုင်ရေး ကြိုးစားဆောင်ရွက်ရန်နှင့် စာချုပ်များ အမြန်ဆုံးချုပ်ဆိုနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနမှ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အာမခံချက်ကောင်းမွန်သည့် ကမ်းလွန်စီမံကိန်းအသစ်များတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ရန် အခွင့်အလမ်းများရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကံပေါက်ဒေသမှတစ်ဆင့် ပြည်တွင်းနှင့် ထိုင်းနိုင်ငံသို့ LNG တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုပါကြောင်း ဆွေးနွေးပြောကြားသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန၊ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စွမ်းအင်ဝန်ကြီးဌာနနှင့် PTTEP International Limited မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
သတင်းစာများ - ၃၅၃၂ ခု
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 14, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
