ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၊ ၂၀၂၄ခုနှစ်၊ ပထမနှစ်(၂၀၂၃-အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ) အဝေးသင်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်တက္ကသိုလ်၊ ၂၀၂၄ခုနှစ်၊ ပထမနှစ်(၂၀၂၃-အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ) အဝေးသင်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / October 11, 2024
ပုသိမ် အောက်တိုဘာ ၁၀
ပုသိမ်တက္ကသိုလ် ၂၀၂၄ခုနှစ်၊ ပထမနှစ်(၂၀၂၃-အောင်)၊ ဒုတိယအသုတ်(ဝိဇ္ဇာ) အဝေးသင် သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခြေခံပညာကို ပြီးမြောက်အောင်မြင်၍ တက္ကသိုလ်ကြီးတွင် အဆင့်မြင့်ပညာရပ်များဖြစ်သည့် စာပေဘာသာရပ်အသီးသီးကို လေ့လာ ဆည်းပူးမည့် မောင်မယ်သစ်လွင်တို့အား လှိုက်လှဲစွာကြိုဆိုပါကြောင်း၊ မောင်တို့မယ်တို့သည် မိသားစုဝင်ငွေရရှိရေးလုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်နေကြသူများဖြစ်ပြီး ပညာရေးကဏ္ဍများတွင်လည်း ကျန်ခဲ့ခြင်းမရှိအောင် တက္ကသိုလ်ကြီးတွင် အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာ ဆည်းပူးနေကြသူများလည်းဖြစ်ပါကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ တွေးတောကြံဆခြင်း အလေ့အကျင့် ကောင်းများကို ပြုစုပျိုးထောင်ပေးရာ နေရာလည်းဖြစ်ပါကြောင်းနှင့် အဆင့်မြင့်ပညာရပ်များကို စနစ်တကျပို့ချပေးသည့် ကျောင်းတော်ကြီးလည်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းကဟူသည့်အတိုင်း ကျောင်းတော်ကြီးမှချမှတ် ထားသည့် စည်းကမ်းများကိုလည်း လိုက်နာ၍ မိမိတို့လေ့လာသင်ယူမည့် ဘာသာရပ်များကိုစနစ်တကျ လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် တက္ကသိုလ်၏ ပညာရေးကဏ္ဍများ တိုးတက်မြင့်မားစေရန်၊ သန့်ရှင်းသာယာစိမ်းလန်းစိုပြေစေရန်နှင့် အားကစားကဏ္ဍတိုးတက်မြင့်မားစေရန် အဆောက်အဦများဥပဓိရုပ်များကောင်းမွန်ပြည့်စုံစေရန် ပံ့ပိုးဆောင်ရွက်လျက်ပေးရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် စာပေ၊အားကစား၊ အနုပညာ စသည့် ဘက်စုံပညာရေးကို အကောင်အထည်ဖော်ဆောင်ရွက်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရန် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ ပိုမိုကောင်းမွန်သည့်ပညာသင်ယူမှုအခွင့်အလမ်းများ ရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် မောင်တို့မယ်တို့အနေဖြင့် လုပ်ငန်းခွင်မပျက်ဘဲ ပညာရေး ခရီးကိုရှေ့ဆက် ပြီးမြောက်အောင်မြင်အောင် ကြိုးစားသင်ယူရင်းဖြင့် မိမိတက္ကသိုလ်၊ တိုင်းဒေသကြီး၊ နိုင်ငံတော်၏အကျိုးကို သယ်ပိုးဆောင်ရွက် နိုင်ပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့နောက် ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်က ပညာရေးဝန်ကြီးဌာန၏ ပညာရေးကဏ္ဍအတွက် ဆောင်ရွက်ထားရှိမှုများနှင့် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက် ပြောကြားခဲ့သည်။ ၂၀၂၄ပညာသင်နှစ်ပုသိမ်တက္ကသိုလ်(အဝေးသင်)သင်တန်း ပထမနှစ်မှ စတုတ္ထနှစ် အထိ ဝိဇ္ဇာဘာသာရပ်(၈)ခုနှင့် သိပ္ပံဘာသာရပ်(၅)ခုတွင် စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၂၈၃၉၆)ဦး မှတ်ပုံတင်ထားရှိကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၁၀၅/၅-၁၀၈/၄) အတွင်း (၄၈)ပေ အကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် (၆၀)ပေ အကျယ် မြေသားတာဘောင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေများကိုကြည့်ရှုစစ်ဆေး ခဲ့ပြီး တာဝန်ရှိသူများမှ လမ်းလုပ်ငန်းဆောင်ရွက်နေမှုများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလ အတွင်း ပြီးစီးစေရေးမှာကြားခဲ့ကြောင်းသိရသည်။
သတင်းစာများ - ၃၄၂၀ ခု
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 24, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 23, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 22, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 21, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 20, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 19, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 18, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 17, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 16, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ January 15, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download
