ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 21, 2026


ပုသိမ် မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခွန်ဆိုသည်မှာ ပြည်သူ့ထံက ရသည့်အင်အားကို ပြည်သူ့ဆီ ပြန်လည်ဖြည့်တင်းပေးခြင်းဖြစ်ပါကြောင်း၊ အခွန်ရှောင်တိမ်းမှုများသည် တရားသဖြင့် အခွန်ပေးဆောင်နေသည့် လုပ်ငန်းရှင်များကို နစ်နာစေသကဲ့သို့ ဒေသဖွံ့ဖြိုးရေးများကိုလည်း နှောင့်နှေးစေပါကြောင်း၊ ထို့ကြောင့်လည်း အခွန်လွတ်ကင်း ရှောင်တိမ်းမှုများ မဖြစ်ပေါ်စေရန် ယခုကဲ့သို့ အခွန်ပညာပေး ရှင်းလင်းပွဲအစီအစဉ်များကို ပြုလုပ်နေရခြင်း ဖြစ်ပါကြောင်း၊ အခွန်ပေးဆောင်ခြင်းသည် မိမိတို့၏မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် ပညာရေး၊ ကျန်းမာရေးနှင့် ခိုင်ခံသည့်အခြေခံအဆောက်အဦများကို အတူတကွတည်ဆောက်နေခြင်း ဖြစ်ပါကြောင်း၊ အများပြည်သူ ပေးဆောင်လိုက်သည့် အခွန်ငွေများသည်လည်း “ အခွန်ဝေစုအဖြစ်ဖြင့် မိမိတို့တိုင်းဒေသကြီးဆီ ပြန်လည်စီးဆင်းဝင်ရောက်လာမည်ဖြစ်ပြီး တိုင်းဒေသကြီး အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများအနေဖြင့်လည်း ဝန်ဆောင်မှုပေးသူ ပီသစွာဖြင့် အများပြည်သူ၊ လုပ်ငန်းရှင် အခွန်ထမ်းများကို နွေးထွေးပျူငှာစွာ ကူညီဆောင်ရွက်ပေးကြရန်လိုပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ရှိကြသည့် ဌာနဆိုင်ရာများ၊ အခွန်ထမ်းပြည်သူများနှင့် မိမိတို့အားလုံး စိတ်တူကိုယ်တူ တက်ညီလက်ညီနှင့် တိုင်းဒေသကြီး၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို အရှိန်အဟုန်ကို ပူးပေါင်းမြှင့်တင်ဆောင်ရွက်ပေးသွားကြရန်လိုပါကြောင်း” ပြောကြားသည်။

ထို့နောက် ပြည်တွင်းအခွန်များဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ဝင်ငွေခွန်၊ ကုန်သွယ် လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်စသည့် တည်ဆဲ အခွန်ဆိုင်ရာဥပဒေများနှင့် အခွန်ကောက်ခံမှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက နိုင်ငံ့ဝန်ထမ်းများအတွက် ပြည်တွင်းဆေးကုသ စရိတ် ပြန်လည်ထုတ်ပေးခြင်းလုပ်ငန်းစဉ်များနှင့် ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာ များအားလည်းကောင်း ရှင်းလင်းဆွေးနွေးမှုများအပေါ် တက်ရောက်လာသူများက သိရှိလိုသည် များကို ပြန်လည်မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

သတင်းစာများ - ၃၅၅၂ ခု

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 10, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 09, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 08, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 05, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် ၊ ဇွန် ၄ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 04, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက် ၊ ဇွန် ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 03, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 02, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ June 01, 2026

ထုတ်ဝေသည့်နေ့ : 2026

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download