PDF အမည်ခံအကြမ်းဖက်သမားများက ညောင်ဦးမြို့နယ် ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား သတ်ဖြတ်၊ ပခုက္ကူမြို့နယ် အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာမတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်
PDF အမည်ခံအကြမ်းဖက်သမားများက ညောင်ဦးမြို့နယ် ကုန်းဘုရား(ညောင်ပင်ကန်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား သတ်ဖြတ်၊ ပခုက္ကူမြို့နယ် အမှတ်(၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာမတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 16, 2025
နေပြည်တော် ဇွန် ၁၅
NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများဆုံးရှုံးပြီး ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက် အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၈ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကုန်းဘုရား (ညောင်ပင်ကန်) ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း (၄၂နှစ်)သည် ကျောင်းဝင်း အတွင်းရှိ ဝန်ထမ်းလိုင်းခန်း၌ ခင်ပွန်းဖြစ်သူ ဦးဇော်လတ် (၄၅)နှစ်၊ ညီမဖြစ်သူ မရွှေရည်ဝင်း (၁၉)နှစ်တို့နှင့်အတူရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ခုနစ်ဦးက ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့်အတွက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်းနှင့် ဦးဇော်လတ်တို့ နှစ်ဦးအား ဝန်ထမ်းလိုင်းခန်းအတွင်းမှ ဆွဲခေါ်ကာ လိုင်းခန်းရှေ့ မြေကွက်လပ်၌ ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ရာ ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၁၇)အခြေခံပညာ မူလတန်းလွန် ကျောင်းမှ လက်ထောက်မူလတန်းပြဆရာမ ဒေါ်ဇင်မီလှိုင် (၂၈)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် ဇွန် ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ငါးဦးက သေနတ်များ ကိုင်ဆောင်ကာ ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဒေါ်ဇင်မီလှိုင်အား လက်နောက်ပြန်ကြိုးတုပ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ နိုင်ငံ့ဝန်ထမ်းကောင်း ကျောင်းအုပ် ဆရာမကြီးနှင့် ခင်ပွန်းဖြစ်သူတို့အား ရက်စက်စွာသတ်ဖြတ် ခဲ့သူများနှင့် ကျောင်းဆရာမတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့် PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
သတင်းစာများ - ၃၄၉၈ ခု
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 12, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 11, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 10, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 09, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 08, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 07, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 06, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 05, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စနေနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 04, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ April 03, 2026
ထုတ်ဝေသည့်နေ့ : 2026
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
