ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူးကန်နှင့် ဘက်စုံအားကစားရပ်ဝန်းတည်ဆောက်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူးကန်နှင့် ဘက်စုံအားကစားရပ်ဝန်းတည်ဆောက်ရေး ကွင်းဆင်းစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2020
image_latest


 

မြစ်ကြီးနား        ဒီဇင်ဘာ ၅

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည်  ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနား မြို့၌ အားကစား ကဏ္ဍပေါင်းစုံပါဝင်ပြီး ခေတ်မီသည့် အားကစားရပ်ဝန်း ပေါ်ပေါက်လာစေရေး၊ နိုင်ငံ အတွင်း အကြီးဆုံး ရေကူးကန် တည်ဆောက်ရေးစီမံကိန်းတို့အတွက် ယနေ့နံနက်ပိုင်းတွင် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်အတွင်းရှိ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာအားကစားကွင်း၏ (ကားကြီးကွင်းအဟောင်း)နေရာ၌ တည်ဆောက်သွားမည့် ရေကူးလမ်းပြေးလမ်း (၁၀)လမ်းပါ အလျား ၁၅၀ ပေ၊ အနံ ၇၅ ပေရှိ ရေကူးကန် အပါအဝင် သန့်စင်ခန်း၊ နားနေ ခန်းများ၊ ပွဲကြည့်စဉ်၊ ဆေးအဖွဲ့၊ ဒိုင်အဖွဲ့၊ ရုံးအဖွဲ့အခန်းများဖြင့် ဖွဲ့စည်း ထားသည့်  မြန်မာနိုင်ငံ၏ အကြီးဆုံး ရေကူးကန် တည်ဆောက်မည့် စီမံကိန်းနှင့် အားကစားနည်းပေါင်း စုံပါဝင်ပြီး အားကစား ပစ္စည်းဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများပါဝင်သည့် ဘက်စုံအားကစားအားကစား ရပ်ဝန်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း အစီအစဉ်များကို  ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူနှင့် တာဝန်ရှိ သူများက ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က အားကစားနည်းပေါင်းစုံကစားနိုင်ပြီး အားကစား ပစ္စည်း ဆိုင်ခန်းများ၊ ဈေးဆိုင်ခန်းများဖြင့် ခေတ်မီ အဆင့်မြှင့် သည့် အားကစားရပ်ဝန်းတစ်ခု အကောင် အထည် ဖော်နိုင်ရေးအတွက် ရှိသည့် မြေနေရာတွင် စနစ်တကျရေးဆွဲ၍ စီမံကိန်းအကောင်အထည်ဖော်ရေး ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ကမ်းနားလမ်း၌ တည်ဆောက် လျက်ရှိသည့် ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ဧည့်ရိပ်သာ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း အဆောက် အဦအတွင်း ပါဝင်သည့် အိပ်ခန်းများ၊ ဧည့်ခန်းများ၊ အစည်းအဝေးခန်းမ၊ ဧည့်တွေ့ခန်းမများ၊ ထိန်းချုပ် ခန်းများ၊ မြေယာ ရှုခင်း အလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လိုက်လံကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်း တင်ပြမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များကို မှာကြားခဲ့သည်။

ပြည်နယ်ပြန်/ဆက်

HOT NEWS
January 4,