ကျိုက်ထို၊ မူဆယ်၊ လားရှိုးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျိုက်ထို၊ မူဆယ်၊ လားရှိုးနှင့် တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 04, 2020
image_latest


နေပြည်တော်၊ ဒီဇင်ဘာ ၄


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၃ ရက်ညနေ ၅ နာရီ ၄၅ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် အောင်ကျော်သောင်း (ခ) ကျော်သောင်း မောင်းနှင်ပြီး အောင်ကျော်လင်းလိုက်ပါလာသည့် BIGHORN အမျိုးအစားမော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် ၃၂၃၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၇,၈၀၀ ကို လည်းကောင်း၊
ထို့အတူယင်းနေ့နံနက် ၉ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့နယ်၊ နမ့်ဟွယ်နေကျေးရွာအနီး၊ မူဆယ်-ပန်ဆိုင်း (ကြူကုတ်) သွားကားလမ်းတွင် အိုက်လျန်း မောင်းနှင်ပြီး အောင်မျိုးသန့် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ  သုည ဒသမ ၀၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀ ကိုလည်းကောင်း၊

ကွင်းဆက်အရ  ပန်ဆိုင်း (ကြူကုတ်)မြို့၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၆၄)နေ ဖန်လျာရို၏နေ အိမ်သို့ ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၁၅၄ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၀၀ တို့ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ တာပုံကျေးရွာ အုပ်စု၊ နားဖကျေးရွာအနီး၊ လားရှိုး-မိုင်းယော်သွားကား လမ်းတွင် အိုက်ဆင်းမောင်းနှင်ပြီး မလွမ်းညွယ်လိုက်ပါ လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၅ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၂,၀၀၀ တို့ကိုလည်းကောင်း၊
ထို့အတူယင်းနေ့ နံနက် ၆ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်းကျေးရွာနေ ဘေစီလှ(ခ)အငယ်လေး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၃၀၊ စိတ်ကြွရူးသွပ်ဆေးမှုန့် သုည ဒသမ ၀၃ ကီလို၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့် မော်တော်ယာဉ်တစ် စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။                                    

(ရဲပြန်ကြား)

 

HOT NEWS
January 4,