ကျိုင်းတုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ကျိုင်းတုံမြို့၌ ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / June 09, 2026
image_latest


ကျိုင်းတုံ ဇွန်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်သမဝါယမဦးစီးဌာနက နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝန်ထမ်း ပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံမြို့နယ် ဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်း ဥက္ကဋ္ဌ ဒေါ်မေနှင်းအေးက အဖွင့်အမှာစကားပြောကြားပြီး၊ အတွင်းရေးမှူး ဒေါ်နန်းအမ်းတစ်နွံက ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်ပြသည်။

ထို့နောက် ဒါရိုက်တာအဖွဲ့မှတင်သွင်းသော အစီရင်ခံစာနှင့် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ ရှေ့လုပ်ငန်းစဉ်များကို အတည်ပြုကာ တက်ရောက်လာသော အသင်းသားများသို့ အခြေခံစားသောက်ကုန်ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် မြို့နယ်သမဝါယမအသင်းစုအနေဖြင့် ငွေစုငွေချေး အသင်းသားများ၏ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း စုဆောင်းငွေအပေါ် အတိုးငွေ ကျပ် (၁၁၅၆၄၆၀၅) ပြန်လည် ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)

ရှမ်းပြည်နယ်