ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နွေစပါးမျိုးစေ့ထုတ်စိုက်ကွင်း စိုက်ပျိုးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး

ကျောင်းကုန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နွေစပါးမျိုးစေ့ထုတ်စိုက်ကွင်း စိုက်ပျိုးနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2020
image_latest


ကျောင်းကုန်း ဒီဇင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်ကကျောင်းကုန်းမြို့နယ်  လှေဒါးချောင်ကျေးရွာ ကွင်းအမှတ် (၄၂၅-က)၊ ဦးပိုင်အမှတ်(၃၃/၄)၊ တောင်သူဦးမြင့်အောင်၏ လယ်မြေတွင်ကျင်းပပြုလုပ်သော ၂၀၂၀ ပြည့်နှစ်နွေစပါးရာသီ မျိုးစေ့ထုတ်စိုက်ကွင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

တောင်သူများနှင့်တွေ့ဆုံရာ၌ ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာကဏ္ဍကို အခြေခံသော တိုင်းဒေသကြီးဖြစ်သောကြောင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်၏စပါးကျီဖြစ်၍ ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ပါကြောင်း၊ အရည်အသွေးကောင်းစပါးများစိုက်ပျိုး ထုတ်လုပ်နိုင်မှ သာလျှင် ဈေးကောင်းရရှိပြီးတောင်သူများ ဝင်ငွေတိုးတက်မှာဖြစ်ကြောင်း၊ အရည်အသွေးကောင်းစပါးများ ထုတ်လုပ်နိုင်ရန် မျိုးကောင်းမျိုးသန့်စပါးများ သုံးစွဲရန်အဓိက လိုအပ်ကြောင်း၊ ဆန်စက်များ ဘယ်လောက်ပင် အဆင့်မြင့်အောင် ဆောင်ရွက်ထားပါစေ အရည်အသွေးမကောင်းသော စပါးများကိုကြိတ်ခွဲပါက အရည်အသွေးကောင်းဆန် မရရှိနိုင်ပါကြောင်း၊ ထို့ကြောင့်တိုင်းဒေသကြီးအတွင်း စပါးမျိုးစေ့ထုတ်လုပ်ငန်းသည် အရေးကြီးသောကဏ္ဍဖြစ်ကြောင်း၊ မြို့နယ်အတွင်း မျိုးစေ့ထုတ်တောင်သူများ ပူးပေါင်း၍ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အကျိုးတူကန်ထရိုက် လယ်ယာစနစ် များပီပြင်စွာအကောင် အထည်ဖော်နိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့နယ်သည် မိုးများသောဒေသဖြစ်၍ မြေဆီလွှာဖွံ့ဖြိုး တိုး တက်ရေး အတွက်မြေချဉ်ငံကိန်း(pH)နိမ့်သော လယ်များတွင် ထုံးထည့်သွင်းဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ ဒေသအတွင်း ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာအား သုံးစွဲလျှက်ရှိရာ ပိုမိုတိုးတက်သုံးစွဲသွား ရန်လိုအပ်ပါကြောင်း၊ မြို့နယ်အတွင်း အမှိုက်အဖြစ်စုပုံနေသော စပါးခွံများအား မြေဆွေးပြုလုပ်၍ ပြန်လည်အသုံးချစေလိုကြောင်း၊ မိမိတာ ဝန်စတင်ထမ်းဆောင်ချိန်မှစပြီး လယ်ယာက ဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထာဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အကျယ်တဝင့် မှာ ကြားခဲ့ပြီး တက်ရောက်လာသော တောင်သူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်။

ထို့နောက် တောင်သူဦးမြင့်အောင်၏ လယ် မြေတွင် ဆင်းသုခမျိုးစပါးဖြင့် ၂၀၂၀ပြည့်နှစ် နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် မျိုးစ ပါးစိုက်ပျိုးနေမှုအား တောင်သူများနှင့်အတူ ကြည့်ရှုပြီး စိုက်ပျိုးလျှက်ရှိသော ကောက် စိုက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)

 

HOT NEWS
January 4,