စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ monywa / August 02, 2020


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ရွေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့်တာဝန်ရှိသူများနှင့်အတူ ယနေ့ နေ့လယ် (၂)နာရီက ရွှေဘိုမြို့နယ်နှင့်ခင်ဦးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေ ဖူလုံစွာရရှိရေး သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီးဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာအနီးရှိ ရှေ့ပြေးအဆင့်မြှင့်လယ်ယာမြေဖော်ဆောင်ခြင်းစီမံကိန်းရှင်းလင်းဆောင်တွင်ဒေသခံတောင်သူများနှင့်တွေ့ဆုံရာတွင် ဆည်မြောင်းဦးစီးဌာနမှ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများအားလည်းကောင်း၊ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် တောင်သူများ၏ မိုးစပါးစိုက်ပျိုးရေဖူလုံစွာရရှိရေး အခြေအနေတို့အားလည်းကောင်း သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆည်မြောင်းဦးစီးဌာန၏တာဝန်ရှိသူများနှင့်ပေါင်းစပ်ဖြည့်ဆည်းပေးပြီး ဆည်မြောင်းဦးစီးဌာနများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် မိုးစပါးစိုက်ပျိုးရေဖူလုံစွာ ရရှိရေးကို အထူးအလေးထား ကြိုးစား၍ အားလုံးပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်ပြီး ခင်ဦးမြို့နယ်အတွင်း ရွှေဘိုမြောင်းမတော် လက်တံ(၁)၊(၂)၊(၃)တို့ရှိ ရေသောက်ဧရိယာ (၁၇၇၈၃)ဧက မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေတို့အားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ခင်ဦးမြို့ဝင် ကတ္တရာလမ်းအဆင့်မြှင့်တင်ချဲ့ထွင် ဖောက်လုပ်ပြီးစီးမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
​​​​​​​

 

HOT NEWS
January 4,