စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌ ရွှေဘိုမြို့နယ်အတွင်းရှိကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့/ monywa / August 08, 2020


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်‌သည် ​ရွှေဘိုခရိုင် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုအောင်နှင့် အတူ ယနေ့ နံနက်(၈)နာရီခွဲက ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေဘိုမြို့နယ်အတွင်းရှိ လိပ်ချင်းကျေးရွာ အဆင့်မြှင့်လယ်ယာမြေဖောင်ဆောင်ခြင်းစီမံကိန်းအတွင်းပါဝင်သော တောင်သူ ဦးဝေဖြိုး၏ ကွင်းအမှတ်(၂၈၇၇)၊ ဦးပိုင်အမှတ်(၁၀၉) လယ်မြေဧက(၁၂)ဧကတွင် စပါးပျိုးသက်နု ကောက်ကွဲကျဲ စိုက်နည်းစနစ် (SRI) စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ စပါးပျိုးသက်နု ကောက်ကွဲကျဲ စိုက်နည်းစနစ် (SRI) စိုက်ပျိုးခြင်းနှင့် စပ်လျဥ်း၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွဲဘက်ပါမောက္ခ(ငြိမ်း)ဦးသိန်းဆုကဝန်ကြီးချုပ်နှင့်တက်ရောက်လာကြသူများအား ရှင်းလင်တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ရွှေဘိုမြို့နယ် မြင်ချင်းကျေးရွာ အဆင့်မြှင့်လယ်ယာမြေဖောင်ဆောင်ခြင်း စီမံကိန်းအတွင်းပါဝင်သော တောင်သူ(၃)ဦး၏ လယ်မြေဧက(၂၅)ဧကတွင် စပါးပျိုးသက်နု ကောက်ကွဲကျဲ စိုက်နည်းစနစ် (SRI) စိုက်ပျိုးခြင်းနှင့် စပ်လျဥ်း၍ တောင်သူများနှင့်တွေ့ဆုံအားပေးစကားများပြောကြားပြီး စိုက်ပျိုးရေဖူလုံမှုရရှိအောင် ဆောင်ရွက်ပေးထားမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ယင်းမာကျေးရွာ ကျောင်းထိုင်ဆရာတော်အား ဖူးမြှော် ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ အဆိုပါ ယင်းမာကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေး ပြည်တော်သာမြေသားကန်အဟောင်းအား ပြန်လည်တူးဖော်ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး
သောက်သုံးရေကန် စိမ်းလန်းစိုပြည်လှပစေရေးနှင့် လိုအပ်လျက်ရှိသော လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ်(၃၀)သိန်းကို
တာဝန်ရှိသူထံပေးအပ်ခဲ့ပါသည်။ ​​​​​​​

HOT NEWS
January 4,