ဆဒုံးမြို့၌ စစ်ရှောင်မိသားစုများ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်

ဆဒုံးမြို့၌ စစ်ရှောင်မိသားစုများ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှထောက်ပံ့ငွေများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ ကချင် / August 03, 2020
image_latest


ဆဒုံး သြဂုတ် ၃

ကချင်ပြည်နယ်၊ ဆဒုံးမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးနော်လီ၊ လီဆူ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအားတီယောယန်နှင့်အဖွဲ့ဝင်များက ယမန်နေ့ နံနက် ၁၀ နာရီ တွင် ဆဒုံးဒေသအတွင်းရှိ စစ်ရှောင် ပြည်သူ များအား ထောက်ပံ့ပစ္စည်းများနှင့် ပုံမှန်ဝင်ငွေမရှိသည့် မိသားစုများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆဆနာကျေးရွာ စစ်ရှောင်အိမ်ရာရှိ မိသားစုဝင် များအား သွားရောက်တွေ့ဆုံ အား‌ပေးစကား ပြောကြားပြီ အိမ်ထောင်စု(၃၈)စု တို့အတွက် ဆန် ၆ အိတ်၊ mask၊ ဆပ်ပြာနှင့် ဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အလားတူ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ယာယီစစ်ရှောင်ပြည်သူများ အတွက် ဆန်အိတ်များ၊  mask၊ ဆပ်ပြာနှင့် ဆေးဝါးများကိုလည်း‌ကောင်း၊ ဆဒုံးမြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၂၅၀)စုတို့အတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀/)နှုန်း ဖြင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ဆဒုံးမြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း(၅)ကျောင်းသို့ သွားရောက်ပြီး ရပ်ကွက်နေပြည်များအတွက် ဆန်၊ Mask၊ ဆပ်ပြာ၊ ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ကြပြီး‌နောက် မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီး‌တော်ကျောင်း (၂) ကျောင်း၌ ဝါဆိုသင်္ကန်းကပ်လှူခဲ့​ကြကြောင်း သိရသည်။

ထို့နောက် စည်ပင်ဝန်ကြီး ဦးနော်လီနှင့်အဖွဲ့ဝင်များသည် ဆဒုံးမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် နတလရုံးနှင့် စည်ပင်ရုံးလမ်းကြား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် နောလန်ကျေးရွာတွင် လုပ်ငန်း ဆောင်ရွက်နေသည့် ကွန်ကရစ် ခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်နိုင်ဌေး (ပြန်/ဆက်)

HOT NEWS
January 4,