တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး သို့တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2020
image_latest


ထားဝယ်      ဒီဇင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်

အစည်းအ‌ဝေးတွင် တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ နှုန်းထားမှာ နေ့စဉ်နှင့်အမျှတွေ့ရှိမှုများ ရှိပါကြောင်း၊ အခြားတိုင်းနှင့်ပြည်နယ်များတွင်လည်း ရောဂါပိုး ကူးစက်မှုနှုန်းမြင့်မားနေသည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ ကိုဗစ်-၁၉ရောဂါပိုးကူးစက်မှု မရှိစေ ရေး အတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်ရှိသည့်အနက် မြိတ်ခရိုင်သည် ကူးစက်မှုပိုများပါကြောင်း၊ တိုင်းဒေသကြီးအတွင်းသက်ဆိုင်ရာဒေသများရှိကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ငွေအား၊ လူအား တို့ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိသော အထောက်အကူ ပြု အဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်း များအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာ ကျေးဇူးတင်ရှိပါ ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများကိုပိုမိုကြီးကြပ် ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး၊ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ  နှင့် တက်ရောက်လာကြသူများက ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် က လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်

အစည်းအဝေးသို့တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)

HOT NEWS
January 4,