နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မင်းပြားမြို့နယ်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ မင်းပြားမြို့နယ်၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 06, 2022
image_latest


နေပြည်တော်  ဖေဖော်ဝါရီ  ၅                             

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာတို့သည် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ် ဝန်ကြီးများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ဒေသခံပြည်သူများအား ရာမောင်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွား ရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ဒေသအတွင်း ကုန်စည်စီးဆင်းမှု လွယ်ကူချော့မွေ့စေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှု၊ ဒေသအတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ ကိုယ်စား ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်စံကျော် နှင့် မြို့မိ/ မြို့ဖများက  ဒေသ၏  လိုအပ်ချက်များနှင့်ပတ်သက်၍ ဆွေး နွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒေါ်အေးနုစိန်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့က တင်ပြဆွေးနွေး ချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ဆောင်ပစ္စည်းများ၊ အားကစားပစ္စည်းများကို မြို့နယ်မှတာဝန်ရှိသူများနှင့် တိုင်းရင်းသားခေါင်းဆောင် ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,