နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid နိုင်ပွဲ ပန်းတိုင် မရောက်မချင်း တက် မထောင်ကြပါစို့နဲ့ ဟု ရေးသားဖော်ပြ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid နိုင်ပွဲ ပန်းတိုင် မရောက်မချင်း တက် မထောင်ကြပါစို့နဲ့ ဟု ရေးသားဖော်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 15, 2020
နေပြည်တော် ဇူလိုင် ၁၅
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က Covid နိုင်ပွဲ ပန်းတိုင် မရောက်မချင်း တက်မထောင်ကြပါစို့နဲ့ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် ရေးသားဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံရဲ့ မြို့ကြီး သုံးမြို့ကတော့ နေပြည်တော်၊ ရန် ကုန် နဲ့ မန္တလေးတို့ဖြစ်ပြီး မန္တလေးနဲ့ရန်ကုန်က သူ့သမိုင်းနဲ့သူ၊ သူ့ဝိသေသတွေနဲ့သူ ဖြစ်ကြောင်း၊ နေပြည်တော်ကတော့ နောက်ရောက်အသစ်ကလေး(အသစ်ကြီးလို့လည်း) ပြောနိုင်ပါကြောင်း။
ယခု covid ကာလမှာ သတိအထူးထားပြီး စီစဉ်ရတာကတော့ ရန်ကုန်အတွက်ဖြစ်ပါ ကြောင်း၊ လူဦးရေကလည်း အများဆုံး၊ ပြည်တွင်းရောဂါပြန့်ပွါးမှုကလည်း အမြင့်မားဆုံးနေရာ ဖြစ် နေပါကြောင်း၊ ရောဂါအခြေအနေကြည့်ပြီး ဖြေလျှော့ပေးနိုင်တာတွေကို ဖြေလျှော့ပေးပါကြောင်း။
မန္တလေးအခြေအနေက ရန်ကုန်လောက် စိုးရိမ်စရာမရှိပေမဲ့ တိုင်းအစိုးရက စည်းမျဉ်းစည်း ကမ်းများ ဂရုစိုက်ပြီး သတ်မှတ်ပါကြောင်း။
နေပြည်တော်က လူနေမှု မထူထပ်၊ လူဦးရေကလည်း မများတော့ ရန်ကုန်၊ မန္တလေးတို့ လောက် ရောဂါအန္တရာယ်မများဘူးလို့ ပြောနိုင်ပေမဲ့ ပြည်ထောင်စုအစိုးရရုံးစိုက်ရာမြို့ဖြစ်လို့ အထူး သတိထားရပါကြောင်း၊ နိုင်ငံခြားမှ သံတမန်၊ ဧည့်သည်များ အသွားအလာတွေကလည်း ရှိိသေး သည့်အတွက် အစိုးရစက်ယန္တရားကြီးလည်ပတ်မှု မထိခိုက်ရအောင် စည်းမျဉ်းစည်းကမ်းတွေ ချမှတ် ရပါကြောင်း။
အစပိုင်းမှာ မြို့ကြီးသုံးမြို့စလုံး ရောဂါအန္တရာယ်ကို ကြောက်ပြီးစည်းကမ်းလိုက်နာကြပါ ကြောင်း၊ နောက်တော့ တဖြည်းဖြည်း ပေါ့လာကြကြောင်း၊ သုံးမြို့ထဲမှာ နေပြည်တော်ကတော့ ပေါ့ဆမှု အနည်းဆုံးလို့ပြောရင် မျက်နှာလိုက်ရာများ ရောက်မလား။
ကောင်းတဲ့ ပြိုင်ဆိုင်မှု စိတ်ဓါတ်နဲ့ ကိုယ့်မြို့က စည်းကမ်းလိုက်နာတဲ့နေရာမှာ အတော်ဆုံး ဆိုတာ ပြနိုင်အောင် ကြိုးစားကြပါ၊ Covid နိုင်ပွဲ ပန်းတိုင် မရောက်မချင်း တက် မထောင်ကြပါစို့နဲ့ ဟု ရေးသားထားသည်။