နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင် နိုင်ဆုံးဖြစ်ကြောင်း သတင်းစကားပါး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင် နိုင်ဆုံးဖြစ်ကြောင်း သတင်းစကားပါး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 04, 2020


နေပြည်တော် ဇွန် ၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ကိုယ့်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင် နိုင်ဆုံးဖြစ် ပါကြောင်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ယနေ့တွင် သတင်းစကားပါး ရေးသားထားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ခုတလော quarantine ဝင်ရတဲ့သူတွေကို ကြောက်တာ၊ မလိုလားတာဆိုတာတွေ ရှိပါကြောင်း၊ တကယ်တော့ quarantine ထဲ ဝင်တဲ့လူတွေက အန္တရာယ်မဟုတ်ပါကြောင်း၊ ရောဂါပိုးရှိနေရင်တောင်မှ ပုံမှန်ကျန်းမာရေးစိစစ်မှု ခံနေရတာကြောင့် စောစောသိပြီး စောစောကုသမှုခံရမှာဖြစ်ပါကြောင်း၊ ယခုရောဂါပိုးတွေ့ရှိထားသူ ၂၃၃ ဦး၊ ရောဂါကင်းစင်လာသူ ၁၄၃ ဦး ဖြစ်ပါကြောင်း။

Quarantine ထဲမှာ မဟုတ်ဘဲ ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာမပြသူများမှ ကူးစက်နိုင်မဲ့ အန္တရာယ်ကို သတိထားရမှာ ဖြစ်ကြောင်း၊ အကောင်းဆုံး ကာကွယ်နည်းကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို ကိုယ်တိုင်လိုက်နာခြင်း ပဲဖြစ်ပါကြောင်း၊ ကိုယ့်ရောဂါ ကာကွယ်ရေးအတွက် ကိုယ်သာစွမ်းဆောင်နိုင်ဆုံးဖြစ်ပါကြောင်း။

အချို့က ပြည်တော်ပြန်တွေ ရောဂါပိုးရှိနိုင်တယ်ဆိုပြီး အစိုးရိမ်လွန်ရာက ဒေါသဖြစ်ကြပါကြောင်း၊ ဘယ်သူမှ ရောဂါမဖြစ်ချင် ကြပါကြောင်း၊ ဘယ်သူ ကမှလည်း နိုင်ငံရပ်ခြားမှာ ပင်ပင်ပန်းပန်းသွားပြီး ဝမ်းစာမရှာချင်ကြပါကြောင်း၊ နယ်စပ်မှ ပြန်လာတဲ့ အလုပ်သမားအများစုက အခက်အခဲများကြားက အလုပ်လုပ်ကြရတာဖြစ်ပါကြောင်း၊ နောက်ပြီး ရတဲ့ဝင်ငွေက လုပ်သူနဲ့ မိသားစု အတွက်ပဲလို့ မမြင်စေလိုပါကြောင်း၊ ပြည်တွင်းကို ရောက်လာတဲ့ငွေတွေက နိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှုထဲကို ရောက်သွားခြင်း အားဖြင့် နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးရေးကို အထောက်အကူပြုပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ဘဏ်များမှ တစ်ဆင့် တရားဝင် ရရှိငွေမှာ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ကျော်ပါကြောင်း၊ မိမိတို့အားလုံး တစ်ဦးကိုတစ်ဦး အကျိုးပြုနိုင်ကြပါ ကြောင်း ရေးသားထားသည်။

HOT NEWS
January 4,