နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ရောက်ရှိ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ရောက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ ဟိတ်ဂ်မြို့ / December 09, 2019


နေပြည်တော် ဒီဇင်ဘာ ၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုလျှောက်ထားမှုကို တုန့်ပြန်ရန်အတွက် နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာရာ သည်ဟိတ်ဂ်မြို့သို့ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများက အမ်စတာဒန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,