ပန်းတနော်မြို့နယ် မြို့ထိပ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်

ပန်းတနော်မြို့နယ် မြို့ထိပ် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 22, 2020
image_latest


ပန်းတနော် နိုဝင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး မအူပင်ခရိုင်၊ ပန်းတနော် မြို့သို့ ယနေ့ နံနက် နာရီအချိန်ရောက်ရှိကာ မြို့အဝင်/အထွက် စစ်ဆေးရေး ဂိတ်ကို ကြည့်ရှုအားပေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စစ်ဆေးရေးဂိတ်အား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်က အားပေးကာ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည်များသုံးစွဲရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ထောက်ပံ့ငွေကျပ် ငါးသိန်းအား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် မြို့နယ်တိုင်းတွင် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေး ဂိတ်များ ဖွင့်လှစ်ထားရှိပြီး အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လိုအပ်သည့် နေရာ၌ သုံးစွဲရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျန်းမာရေးသုံး အထောက်အကူပြု ပစ္စည်းများ ပြည့်ဝစွာ ထောက်ပံ့ပေးအပ်ထားရှိပြီး ယခုအခါတွင်လည်း မြို့နယ်(၂၆)မြို့နယ်အား တစ်မြို့နယ်လျှင် ငွေ() သိန်းကျပ်နှုန်းစီဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)

HOT NEWS
January 4,