ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် National Oil and Gas Information Center အဆောက်အဉီ ပန္နက်တင် အခမ်းအနား တက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် National Oil and Gas Information Center အဆောက်အဉီ ပန္နက်တင် အခမ်းအနား တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 14, 2021
image_latest


 

နေပြည်တော် ဇန်နဝါရီ ၁၄

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တည်ဆောက်မည့် National Oil and Gas Information Center အဆောက်အဉီ၏ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန နေပြည်တော်ရှိ ရုံးအမှတ် (၄၄) အနီး၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးခင်မောင်ဝင်းနှင့် ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ယနေ့အခမ်းအနားသည် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊  မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံး စရိတ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် National Oil and Gas Information Center (ပထမအဆင့်) ထပ် RC အဆောက်အဉီ၏ ပန္နက်တင်အခမ်းအနား ဖြစ်ပါကြောင်း၊   မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း အနေဖြင့် ရေနံနှင့် သဘာဝဓာတ် ငွေ့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေ၊ တူးဖော်ထုတ် လုပ်ခြင်းကို ဆောင်ရွက်နေပါကြောင်း။

ယင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မိမိတို့နိုင်ငံ၏ ဘူမိ အနေအထားအရ အနည် ကျချိုင့်ဝှမ်း(၁၇)ခု ပိုင်းခြားထားပြီး၊ ကုန်းပိုင်းနှင့် ကမ်းလွန်လုပ်ကွက် စုစုပေါင်း (၁၀၄) ကွက် သတ်မှတ်ထားပါကြောင်း၊ သတ်မှတ် ထားသော လုပ်ကွက်များတွင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းအနေဖြင့်လည်းကောင်း၊ ပြည်တွင်းပြည်ပ မှ နိုင်ငံတကာ အတွေ့ အကြုံရှိ ရေနံကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်း၍လည်းကောင်း၊ 2D/3D ဆိုက်စမစ် တိုင်းတာခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ခိုအောင်းနိုင်မှုပမာဏကို   တွက်ချက်၍  အကဲဖြတ် တွင်းများတူး ဖော်ခြင်း၊ ဖွံ့ဖြိုးရေးတွင်းများ တူးဖော်ခြင်း၊  စီးပွားဖြစ် ရှာဖွေတွေ့ရှိမှုအပေါ် မူတည်ကာ ပလက်ဖောင်းများ၊ ပိုက်လိုင်းများ တည်ဆောက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ခြင်း စသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်း များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိအချိန်အထိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု ပမာဏ၂၆ ဘီလီယံခန့်ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကာလ တွင် နိုင်ငံတော်ဝင်ငွေ၏ ၁၁ ရာခိုင်နှုန်းခန့် ရှာဖွေပေးနိုင် ခဲ့ကြောင်း။

ယခင်က ရေနံရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဓာတ်ခွဲနမူနာများ၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ခိုအောင်းမှုဒေတာအချက် အလက်များကို စာရွက်၊ စာတမ်းများ၊ CD များ၊ Hard disk များဖြင့် နေပြည်တော် (ရုံးချုပ်)နှင့် ထောက်ကြံ့ သုတေသနဌာနတို့တွင် စနစ်တကျစုစည်းထိန်းသိမ်းခဲ့သော်လည်း ခေတ်မီ တိုးတက် လာသည့် IT နည်းပညာရပ်များနှင့် အညီ  အဆင့်မြှင့်တင်၍ ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ပို့ဆောင်၊ ဖြန့်ဖြုး၊ ရောင်းချခြင်း လုပ်ငန်းများကို ဗဟိုထိန်းချုပ်မှုစနစ်ဖြင့် Real Time Data Monitoring and Managementလုပ်ဆောင်နိုင်ရန်၊ သဘာဝဘေးကြုံတွေ့လာချိန်တွင် အချိန်နှင့် တစ်ပြေးညီ စီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရန်နှင့် လူနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများမဖြစ်ပေါ် စေရန်အတွက်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖေါ် ထုတ်လုပ်ခြင်း၊ ပို့ဆောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ပိုမိုလျင်မြန် စွာ ဆောင်ရွက်နိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်၍ National Oil and Gas Information Center အား တည်ဆောက်ရခြင်း ဖြစ်ပါကြောင်း။

 အဆိုပါ စီမံကိန်းပြီးစီးပါက  Fiber Network နှင့် Internet Network နှစ်မျိုးဖြင့် Real time Data များရယူခြင်း၊ အချက်အလက်များအား စောင့်ကြည့် စစ်ဆေးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ၊ ထိန်း/ဖြန့် စခန်းများမှ သတင်းအချက်အလက်များ အား နေပြည်တော်ရုံးချုပ်မှ တိုက်ရိုက်ကြည့် ရှုနိုင်ခြင်း၊ SCADA System ဖြင့် ထိန်းချုပ်နိုင်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်၊ ဖြန့်ဖြူးမှု ဆိုင်ရာ အချက်အလက်များ ဖြစ်သည့် ကုန်းပိုင်း၊ ကမ်းလွန် လုပ်ကွက်များနှင့် ပိုက်လိုင်းဆိုင်ရာ အချက် အလက်များ၊  Geology and Geophysics Data များ၊ နေရာဒေသအလိုက် Plant & Equipment စာရင်းများ၊ CNG အရောင်းဆိုင်များ၊ Operator Company များ၏ အချက်အလက်များ၊  ဝန်ထမ်းရေးရာနှင့် Human Resources Development ဆိုင်ရာအချက်အလက်များ၊ Financial ပိုင်းဆိုင်ရာ အချက်အလက်များကို သိုလှောင် သိမ်းဆည်း၍ လိုအပ်သလို စီမံခန့်ခွဲ့မှုပြုလုပ်သွားနိုင်ခြင်း၊  အနာဂတ် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍဆိုင်ရာ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူပြုစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်း များအောင်မြင် စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ ဝိုင်းဝန်းပံ့ပိုး ကူညီပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာ့ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး က National Oil and Gas Information Center အဆောက်အဉီနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြ သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာန အကြီးအကဲများသည် မင်္ဂလာအချိန်တွင် သတ်မှတ်နေရာ အသီးသီးမှနေရာယူ၍ ပန္နက်တင် ပေးကြသည်။

ယနေ့ပန္နက်တင်သည့် National Oil and Gas Information Center ကို မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ပထမအဆင့် အနေဖြင့် 24 Core Fiber Optic Cable သွယ်တန်းခြင်း၊ Geo-SCADA Software System တပ်ဆင်ခြင်း၊ Video Wall System တပ်ဆင်ခြင်းနှင့် Station Field Devices and Software ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်ကို လာမည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ တတိယအဆင့်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်တွင် လည်းကောင်း ()နှစ်အတွင်း အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,