ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်က အရေးယူ

ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်က အရေးယူ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 07, 2020


နေပြည်တော် ဇူလိုင် ၆

ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများအား တပ်မတော်က အရေးယူ ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းသတင်းထုတ်ပြန်ချက် တွင် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂ ရက် နံနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရရှိကာ ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိကြောင်း။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက်ကပင် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးအား လည်းကောင်း၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များကို ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်က ဆောင်ရွက်လျက်ရှိပြီး လစ်လပ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုးခန့်အပ်နိုင်ရေး လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

သတင်းစဉ်

HOT NEWS
January 4,