မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လိုင်ကွယ် ကော့ကရိတ်ကတ္တာရာ ကွန်ကရစ် လမ်းသစ်အား ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ ဖဲကြိုးဖြတ် ဖွင့်လှစ်

မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လိုင်ကွယ် ကော့ကရိတ်ကတ္တာရာ ကွန်ကရစ် လမ်းသစ်အား ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များမှ ဖဲကြိုးဖြတ် ဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2020
image_latest


 

ကော့ကရိတ် ဒီဇင်ဘာ ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လိုင်ကွယ်ကျေးရွာ ကတ္တရာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကို ယနေ့ နံနက် ၇နာရီ အချိန်က ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် လွတ်တော် ဒုဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးသား လွတ်တော် ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်တို့မှဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ အမှတ်တရ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြပြီး ကတ္တရာ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှု့ခဲ့ကြသည်။ ယင်းကွန်ကရစ်လမ်းသစ်သည် ကရင်ပြည်နယ် အစိုးရ၏ လေးနှစ် တာကာလအတွင်း ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် လမ်းဦးစီးဌာနနှင့် Asia Steel Strength ကုမ္ပဏီ တို့ပူးပေါင်း၍ ဆောင်ရွက်သော (၂၆မိုင်၃ဖာလုံ)ရှိ မုဒုံ-ချောင်းနှစ်ခွ-မဲသရော-လိုင်ကွယ်(ကော့ကရိတ်) ကတ္တရာ ကွန်ကရစ် လမ်းသစ်ဖြစ်ပြီး အဆိုပါ လမ်းဖွင့်ပွဲ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကျေးရွာပြည်သူများက ကိုဗစ်-၁၉ ကာလ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)

HOT NEWS
January 4,