ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် တော်ဝိ-ပိန်းဇလုပ်အကြား မီးရထားလမ်းတံတားနှင့် ပိန်းဇလုပ်မြို့အဝင် ကားလမ်းတံတားတို့အား ကြည့်ရှု

ဝန်ကြီးချုပ် ဦးဝင်းသိန်း ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသည့် တော်ဝိ-ပိန်းဇလုပ်အကြား မီးရထားလမ်းတံတားနှင့် ပိန်းဇလုပ်မြို့အဝင် ကားလမ်းတံတားတို့အား ကြည့်ရှု


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့/ ညောင်လေးပင်မြို့ / August 06, 2020


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဩဂုတ်လ(၅)ရက်နေ့ ညနေ(၅:၃၀)နာရီအချိန်က ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် ညောင်လေးပင်မြို့နယ် တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားနှင့် ပိန်းဇရပ်မြို့အဝင် ကားလမ်းတံတားတို့အား သွားရောက်ကြည့်ရှုကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တော်ဝိကျေးရွာနှင့် ပိန်းဇလုပ်မြို့အကြားရှိ မီးရထားလမ်းတံတားအမှတ်(၁၃၆) ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့်အခြေအနေအား ကြည့်ရှုစစ်ဆေးရာ မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ (သွားလာပို့ဆောင်ရေး) ဦးအောင်မြင့်လှိုင်မှ တံတားပျက်စီးသွားမှု အခြေအနေနှင့် ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တံတားအမြန်ဆုံး ပြီးစီးနိုင်ရေးအတွက် ကူညီကာလုပ်အားပေး ဆောင်ရွက်နေကြသည့် ဒိုက်ဦးမြို့ခမရ(၄၄၀)မှ တပ်မတော်သားများနှင့် မီးရထားဝန်ထမ်းများအား နှုတ်ဆက်အားပေးစကားနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပိန်းဇလုပ်မြို့အဝင် ဆေးရုံအနီးကားလမ်းမပေါ်ရှိ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် တံတားအားသွားရောက်ကြည့်ရှုပြီး ဒေသခံများ လတ်တ‌လောသွားလာမှု အခက်အခဲမဖြစ်စေရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပိန်းဇလုပ်မြို့အဝင် ကားလမ်းတံတားပျက်စီးမှု့အား လမ်းဦးစီးဌာန၊ ဟိုက်စတား(B.O.T)ကုမ္ပဏီမှ လတ်တလောပြည်သူများ သွားလာမှုအဆင်ပြေစေရန် ယာယီဘေလီတံတားအဖြစ် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

​​​​​​​https://bagoregion.gov.mm/%e1%80%9d%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%81%e1%80%bb%e1%80%af%e1%80%95%e1%80%ba-%e1%80%a6%e1%80%b8%e1%80%9d%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ad%e1%80%94-157/

HOT NEWS
January 4,