(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍများနှင့် တောင်သူများအားကူညီဆောင်ရွက်ပေးကြသော အသင်းအဖွဲ့များအား ဂုဏ်ပြု

(၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍများနှင့် တောင်သူများအားကူညီဆောင်ရွက်ပေးကြသော အသင်းအဖွဲ့များအား ဂုဏ်ပြု


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 09, 2018


ဘားအံ နိုဝင်ဘာ၉
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် စိုက်ပျိုးရေးဦးစီးဌာနနှင့်တောင်သူများအား စိုက်ပျိုးရေးကဏ္ဍများနှင့်ပတ်သက်ပြီး အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးကြသော အသင်းအဖွဲ့များအား ဂုဏ်ပြုပွဲအခမ်းအနားကို နိုဝင်ဘာလ(၈)ရက်နေ့၊ နေ့လည်(၁)နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရဲသူရခန်းမ၌ ကျင်းပကြောင်း သိရသည်။
 အဆိုပါ ဂုဏ်ပြုပွဲတွင် ကရင်ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ကရင်ပြည်နယ် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်၌ ထိခိုက်ပျက်စီးသွားသော သီးနှံစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးနိုင်ရေးအတွက် အဖွဲအစည်းများက အဖက်ဖက်မှ ကူညီပံ့ပိုးပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဌာနအတွင်း ကြိုးစားဆောင်ရွက်သော ဝန်ထမ်းများအား ထူးချွန်ဆုပေးအပ်ခြင်းဖြင့် ဌာနအတွင်း အခြားသောဝန်ထမ်းများမှ ထူးချွန်ဝန်ထမ်းများနည်းတူ အတုယူကြိုးစားဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဦးဝင်းလှိုင်ဦး က ဌာနအတွင်းဆောင်ရွက်နေမှု အခြေအနေများနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဖွဲ့အစည်းများနှင့် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
 ထို့နောက် ပြည်နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာနများနှင့်တောင်သူများအား အဖက်ဖက်မှ ကူညီပံ့ပိုးပေးသော GMSAEDC၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)၊ MEDA၊ World Vision၊ Network Activities Group၊ ကရင်ပြည်နယ်မျိုးစေ့ထုတ်လုပ်သူများအသင်း၊ AGGCအောင်ကြီးအုပ်စုကုမ္ပဏီ၊ သမ္မာသံဗုဒ္ဓဘာသာ ကရင်အမျိုးသားအဖွဲ့၊ ထီးထာကလုန်း မျိုးချစ်လူငယ်များအသင်း၊ မြန်မာ့နှလုံးလှ လူမှုဖွံ့ဖြိုးမှုအဖွဲ့၊ ကရင်အမျိုးသားဒီမိုကရတ်တစ်ပါတီအဖွဲ့နှင့် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းစသည့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်းများကိုလည်းကောင်း၊ ပြည်နယ်အတွင်း ထူးချွန်စိုက်ပျိုးရေးဝန်ထမ်း(၉)ဦးအား ဆုများကိုလည်းကောင်း ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်းသိရသည်။

HOT NEWS
January 4,