ပအိုဝ်းလူမျိုးဆိုင်ရာ သမိုင်းစာအုပ်များ လှူဒါန်း

ပအိုဝ်းလူမျိုးဆိုင်ရာ သမိုင်းစာအုပ်များ လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / June 13, 2019
image_latest


နေပြည်တော် ဇွန် ၁၂

မွန်ပြည်နယ် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်၏ အကူအညီဖြင့် မွန်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ စုဆောင်းရရှိထားသော ပအိုဝ်းသမိုင်းဆိုင်ရာ ပေမူနှင့် စာအုပ်စာတမ်း ၄၆ အုပ်ကို အမျိုးသားစာကြည့် တိုက် သို့လှူဒါန်းခဲ့သည်။

အမျိုးသားစာကြည့်တိုက်သည် “မြန်မာနိုင်ငံ၏အမျိုးသားစာပေစု အမွေအနှစ်ဗဟိုဌာန ဖြစ်လာစေရန်” ရည်ရွယ်၍ နိုင်ငံအတွင်း ထုတ်ဝေသမျှ စာပေပစ္စည်းများ အပြည့်စုံ ဆုံးဖြစ်အောင် စုဆောင်းလျက်ရှိရာတွင် မြန်မာနိုင်ငံအတွင်း အတူတကွနေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များ၏ စာပေများကိုပါ စုဆောင်းလျက်ရှိသည်။

စုဆောင်းရရှိထားသော စာပေပစ္စည်းများကို ရေရှည်တည်တံ့နေစေရန် စနစ်တကျ ထိန်းသိမ်း၍ သုတေသီများ၊ ကျောင်းသား ကျောင်းသူ၊ ရဟန်းရှင်လူ ပြည်သူများ လေ့လာဖတ်ရှု ရည်ညွှန်းကိုးကား နိုင်ရန် ဝန်ဆောင်မှုပေးလျက် ရှိသော စာကြည့်တိုက်ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ် ဘာသာဖြင့်ဖြစ်စေ ထုတ်ဝေသောစာအုပ်စာတမ်း၊ စာနယ်ဇင်းများကို စုဆောင်းထားခြင်းဖြင့် ယင်းစာ အုပ်စာတမ်းစာနယ်ဇင်း များသည်ခေတ်အဆက်ဆက် တည်တံ့နေစေခြင်းနှင့် တိုင်းရင်းသားမျိုးနွယ်စုများ ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို လေ့လာလိုသူ၊ သုတေသနပြုလိုသူများ အတွက် ရည်òန်းကိုးကားနိုင် ရန် အထောက်အကူပြု နိုင်မည် ဖြစ်သည်။

အမျိုးသားစာကြည့်တိုက်သို့ တိုင်းရင်းသားဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ၊ အင်္ဂလိပ် ဘာသာဖြင့်ဖြစ်စေ ထုတ်ဝေသော စာအုပ်စာတမ်းစာနယ်ဇင်းများ(Printed ဖြစ်စေ Soft Copy ဖြစ်စေ) လှူဒါန်းလိုပါက အမှတ် (၈၅၊ က) သီရိမင်္ဂလာရိပ်သာ လမ်းသွယ် ကမ္ဘာအေးဘုရားလမ်း ရန်ကင်းမြို့နယ် ရန်ကုန်မြို့ ဖုန်း- ၀၁-၆၆၂၄၇၀၊ ၀၁-၆၆၃၉၀၂၊ ၀၉-၂၅၄၃၇၄၆၉၄ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,