စဉ်ဆက်မပြတ်သူနာပြု/သားဖွားပညာရေး ဟောပြောဆွေးနွေးခြင်းကို ဘားအံမြို့၌ပြုလုပ်

စဉ်ဆက်မပြတ်သူနာပြု/သားဖွားပညာရေး ဟောပြောဆွေးနွေးခြင်းကို ဘားအံမြို့၌ပြုလုပ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 13, 2019


ဘားအံ - ဇွန်(၁၃)
 ပြည်သူလူထု၏ ကျန်းမာရေးကို စောင့်ရှောက်မှုပေးနေသော သူနာပြု/သားဖွား/ကျန်းမာရေး ဆရာ/ဆရာမများ၏ အရည်အသွေးမြှင့်တင်ရန် ခေတ်နှင့်အညီ တိုးတက်လာသော ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်သည့် နည်းပညာများကို အမှီလိုက်နိုင်ရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း(ဗဟို)နှင့် ကရင်ပြည်နယ်သူနာပြုနှင့် သားဖွားအသင်းတို့ပူးပေါင်း၍ စဉ်ဆက်မပြတ်သူနာပြု သားဖွားပညာရေး ဟောပြောဆွေးနွေးခြင်းကို ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၉)နာရီက ဘားအံမြို့၊ကန်သာဦးခန်းမတွင် ပြုလုပ်သည်။
 ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီမံကိန်းဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းဝင် သူနာပြု/သားဖွား/ကျန်းမာရေး ဆရာ/ဆရာမများအနေဖြင့် မိမိတို့ရဲ့အတတ်ပညာနဲ့ ကိုယ်ပိုင် စွမ်းရည်များကို အရင်းပြုပြီး စိတ်ရင်းစေတနာကောင်းဖြင့် ပြည်သူတို့၏ ကျန်းမာရေးကိုမြင့်မားနိုင်သည်ထက် ပိုမိုမြင့်မားအောင် ဆောင်ရွက်သွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားသည်။
 ဆက်လက်၍ ဆွေးနွေးပွဲကိုပြုလုပ်ရာ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်းဥက္ကဌ ပါမောက္ခဒေါ်ရင်မြက Nursing Practice ခေါင်းစဉ်၊ ကရင်ပြည်နယ်သူနာပြုသားဖွားအသင်းမှ (ခရိုင်ပြည်သူ့ကျန်းမာရေး)ဆရာမကြီး ဒေါ်ကြိုင်က မိခင်ကလေးသေဆုံးမှု စောင့်ကြပ်ကြည့်ရှု တုံ့ပြန်ဆောင်ရွက်ခြင်းခေါင်းစဉ်၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်ကျန်ခိုင်က Team Management ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ တာဝန်ရှိသူများက အသီးသီးဆွေးနွေးဟောပြောခဲ့ကြကြောင်း သိရသည်။

HOT NEWS
January 4,