မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကျင်းပ

မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးသင်တန်းဆင်းပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 15, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသ ကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် စခန်းအခြေပြု မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးသင်တန်း(၂/၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် ယခု (၃)လကြာ စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းကို အောင်မြင်စွာဖွင့်လှစ် နိုင်ခဲ့သည့် အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့်ဌာန၊ အဖွဲ့အစည်း များအား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုစခန်းအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်းမှ သင်တန်းဆင်း သင်တန်းသားများအား မူးယစ်သံသရာ ထဲသို့ ပြန်လည်မရောက်ရှိစေရန်အတွက် စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲ စောင့်ရှောက်ရေး လုပ်ငန်းများ ကို ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြုမှာကြားလိုပါကြောင်း၊ သင်တန်းသားများအနေဖြင့် လည်း ယခုသင်တန်းက လေ့ကျင့်ထူထောင် ပေးလိုက်သည့်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုများကို ဆက်လက်ထိန်းသိမ်းပြီး မူးယစ်သံသရာထဲသို့ ပြန်လည်မရောက်ရှိစေရန် ကြိုးစားသွားကြစေလိုကြောင်း၊ မိဘဆွေမျိုးပတ်ဝန်းကျင် အသိုင်းအဝိုင်းကလည်း နားလည် လက်ခံပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ နားမကြားသောကလေးများကျောင်း၌ လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ဉာဏ်ရည်မသန်စွမ်း ကလေးများအား ပြုစုပျိုးထောင်ပေးကြမည့် ဆရာ/ဆရာမများအတွက် အခြေခံဆရာဖြစ် သင်တန်း Pre - Level (1) အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက မသန်စွမ်းဖြစ်ပွားမှုကြိုတင်ကာကွယ်နိုင်ရန် အတွက်(Early Childhood Intervention-ECI)လုပ်ငန်းများကိုလည်း ရှေ့ပြေးစီမံချက် အဖြစ် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်လျက် ရှိနေပါကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် မူလတန်းကြိုကျောင်းများ၊ မိခင်ဝိုင်းများကို လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဥပဒေအရလည်း ပုဂ္ဂလိကနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများကို တည်ထောင်ခွင့်ပြုမိန့်ကိုထုတ်ပေးလျက်ရှိ နေပါကြောင်း၊ ယခုသင်တန်းကို တက်ရောက်ကြမည့် ဆရာ/ဆရာမများသည် လူမှုဝန်ထမ်းလုပ်ငန်းနှင့် ဉာဏ်ရည်မသန်စွမ်း ကလေးများအား ပြုစုပျိုးထောင်ရေးလုပ်ငန်း ဆောင်ရွက်ကြရာတွင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ အကြင်နာ၊ ကရုဏာ၊ မေတ္တာများနှင့် ပေါင်းစပ်လုပ်ကိုင်ကြရန် တိုက်တွန်းလိုပါ ကြောင်း၊ ပတ်ဝန်းကျင် အထောက်အကူပြုသည့် လူမှုအကျိုးပြုလုပ်ငန်းဟု မှတ်ယူ၍ လုပ်ကိုင် ကြစေလိုပါကြောင်း၊ သင်တန်းကိုလည်း မပျက်မကွက် တက်ရောက်ပေးစေ လိုပါကြောင်းနှင့် သင်ကြားပို့ချပေးသော နည်းပြများ၏ နည်းစနစ်များကိုလည်း သေချာလေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်းပြောကြား သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် မြန်မာနိုင်ငံအထူးပညာရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးတင့်လွင်ဦးတို့က သင်တန်း ဖွင့်လှစ်ရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် နားမကြားသော ကလေးများကျောင်း၌ ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူ များကို လှည့်လည်ကြည့်ရှုကာ အားပေးစကား ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,