အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး Mr.Steve Marshall နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး Mr.Steve Marshall နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / August 15, 2019
နေပြည်တော် ဩဂုတ် ၁၄
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်သံအမတ်ကြီး Mr.Steve Marshall နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့နှင့် နယူးဇီလန်နိုင်ငံ သံရုံးတို့ပူးပေါင်း၍ ဇူလိုင် (၁) ရက်တွင် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် တိုင်ကြားစာဖြေရှင်းမှု ယန္တရားဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ၏ ဆွေးနွေးမှု ရလာဒ်များနှင့် ရှေ့လုပ်ငန်း အစီအစဉ်အပေါ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ဦးအောင်သန်းမြင့်နှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။
(သတင်းစဉ်)