ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. RiikkaLaatu အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. RiikkaLaatu အား လက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / September 12, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၁၂

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး Ms. RiikkaLaatuအား ယနေ့မွန်းလွဲ ၁ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဖင်လန်နိုင်ငံ စီးပွားရေးရာနှင့် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနတို့အကြား စွမ်းအင်နယ်ပယ် အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော နားလည်မှု စာချွန်လွှာအရ စွမ်းရည်ပြည့်ဝသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ ပို့လွှတ်ရေးနှင့် ဖြန့်ဖြူးရေးကဏ္ဍများနှင့် ပြည်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ ကဏ္ဍများ ဖွံ့ဖြိုးရေး အတွက် ဖင်လန်နိုင်ငံမှ ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအမံများကို ဖင်လန်နိုင်ငံအစိုးရမှ ပူးပေါင်းကူညီ ပံ့ပိုးသွားမည့် လုပ်ငန်းစဉ်များအပေါ် နှစ်နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်းမှုများ စတင်ဆောင်ရွက်ရန်၊ အဆိုပါ လုပ်ငန်းစဉ်များ အတွက် ဖင်လန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ပရေးရာ စီးပွားရေး ဆက်ဆံရေးဌာန၏ ဒုတိယဝန်ကြီး ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ်များအဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်မည့် ကိစ္စ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဆိုင်ရာ စွမ်းအင်အရင်းအမြစ်များမှ ရေရှည် တည်တံ့စေမည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

 

HOT NEWS
January 4,