AA အဖွဲ့က ရသေ့တောင်မြို့အနီး ကျောက်ချရပ်နားထားသော စစ်ရေယာဉ် သုံးစင်းအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်

AA အဖွဲ့က ရသေ့တောင်မြို့အနီး ကျောက်ချရပ်နားထားသော စစ်ရေယာဉ် သုံးစင်းအား ရှော့တိုက်ဒုံးဖြင့်ပစ်ခတ်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 22, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၁
ရသေ့တောင်မြို့အနောက်ဘက် မေယုမြစ်ကမ်းအနီး ကျောက်ချ ရပ်နားထားသော တပ်မတော်(ရေ)မှ စစ်ရေယာဉ် သုံးစင်းအား AA အဖွဲ့က ယမန်နေ့ နံနက်ပိုင်း တွင် ရှော့တိုက်ဒုံး နှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့သော်လည်း တစ်စုံ တစ်ရာ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရခိုင်ပြည်နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်းနှင့် ပင်လယ် ကမ်းစပ် တစ်လျှောက် ပြေးဆွဲလျက်ရှိသည့် ဒေသခံ ပြည်သူများ၏ ရေယာဉ်များ စက်ချွတ်ယွင်းမှု တစ်စုံတစ်ရာ ဖြစ်ပွားပါက ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင် ရန်နှင့် သဘာ၀ ဘေးအ္တရာယ်များ ကျရောက်လာပါက ကူညီနိုင်ရန် ရသေ့တောင်မြို့၏ အနောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ မေယုမြစ်ကမ်း အနီးတွင် အသင့်စုဖွဲ့ ကျောက်ချရပ်နားထား သော တပ်မတော်(ရေ)မှ စစ်ရေယာဉ် သုံးစင်းအား AA အဖွဲ့ က ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် စစ်ရေယာဉ်၏ အနောက် ဘက် ကမ်းစပ်မှ ရှော့တိုက်ဒုံး နှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ သောကြောင့် စစ်ရေယာဉ်အမှုထမ်းများက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း။
AA အဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ရေယာဉ်အမှုထမ်းများနှင့် စစ်ရေယာဉ်များ ထိခိုက်ပျက်စီးမှုမရှိဘဲ လာရောက် ပစ်ခတ် ခဲ့သည့် ပတ်ဝန်းကျင်နေရာ တစ်ဝိုက်အား ရှင်းလင်းစဉ် ပစ်ခတ်ရန် အသင့်အနေအထားရှိသည့် Type 63 ၁၀၇ မီလီမီတာ အမျိုး အစား ဒုံးသီး သုံးလုံးအား ဘက်ထရီအိုး၊ ဝိုင်ယာကြိုးများနှင့် ချိတ်ဆက် လျက် ထပ်မံ တွေ့ရှိ ရသဖြင့် ဘေးအန္တရာယ် မရှိစေရေး စနစ်တကျသက်မဲ့ ပြုလုပ်ခဲ့ ရကြောင်း သိရသည်။
AA အဖွဲ့အနေဖြင့် ဇွန် ၂၂ ရက်ကလည်း စစ်တွေမြို့ အရှေ့ဘက် ဆတ်ရိုး ကျချောင်းဝအနီး ကျောက်ချရပ်နားထား သည့် ပင်လယ်သွား တွဲဆွဲရေယာဉ် တစ်စင်းကို အလားတူ ရှော့တိုက်ဒုံး သုံးလုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 

HOT NEWS
January 4,